ဒီပဲယင်း – ၂၀၂၄ ဩဂုတ် ၁၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ကို ဒီနေ့နံနက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ရာ အာဏာသိမ်းစစ်တပ်ဘက်က အလံထောင် လက်နက်ချသူ ၁၂၃ဦး ရှိပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိတယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း အလံဖြူထောင် လက်နက်ချသူ အများစုဟာ ပျူစောထီးနဲ့ စစ်တပ်လက်အောက်ခံ Non CDM ဝန်ထမ်းတွေ ဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။
စစ်သားနဲ့ ပျူစောထီးတချို့ထွက်ပြေးကြပြီး အလံဖြူထောင်လက်နက်ချသူ ၁၂၃ ဦးထဲမှာ ပျူစောထီးနှစ်ဦး၊ စစ်တပ်လက်အောက်ခံ ဝန်ထမ်း ၄၁ ဦး၊ မိသားစုဝင် ၈၀ ရှိကာ သူတို့ကို ဆေးဝါးကုသပေးမှုတွေနဲ့ ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ ဒီပဲယင်း ပ.အ.ဖ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ဒီပဲယင်းကို လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ကာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ပြီး ဒီနေ့မှာတော့ အပြီးသတ်ရရှိခဲ့တာဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ရေဦးမြို့က ထွက်လာပြီး ဒီပဲယင်းနယ်ထဲ ဝင်လာတဲ့ စစ်အုပ်စု စစ်ကူစစ်ကြောင်းတွေကို ရေဦးနဲ့ ဒီပဲယင်း တော်လှန်ရေးတပ်ဖွဲ့တွေက တားဆီးနေပြီး တိုက်ပွဲတချို့လည်းဆက်လက်ဖြစ်ပွားနေဆဲပဲလို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သိရပါတယ်။
ပုံစာ – ဒီပဲယင်းမြို့သိမ်းပြီးနောက် တွေ့ရတဲ့ တော်လှန်ရေးရဲဘော်များ
ဓါတ်ပုံ – ဂဠုန်တပ်တော်
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

