ဒီပဲယင်း – ၂၀၂၄ ဩဂုတ် ၁၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ကို ဒီနေ့ နံနက်ပိုင်းမှာ အလုံးစုံ သိမ်းပိုက်ရရှိခဲ့ပြီလို့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။
“ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေ စုပေါင်းအားနဲ့ ဒီပဲယင်းမြို့ကို သိမ်းနိုင်ခဲ့ပါပြီ၊ စစ်ကိုင်းတိုင်းအောက်ပိုင်းမှာ ပထမဆုံးသိမ်းနိုင်ခဲ့လို့ ပီတိဖြစ်မိတယ်”လို့ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ပွဲဝင်တဲ့ ဂဠုန်တပ်တော်က ကိုနောင်ရိုးက ဆိုပါတယ်။
ဒီပဲယင်းမြို့ကို သိမ်းပိုက်နိုင်ဖို့ တော်လှန်ရေးအဖွဲ့တွေဟာ အခုလ ၁၆ ရက်မှာ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သုံးရက်မြောက်နေ့ ဖြစ်တဲ့ ဒီနေ့ နံနက်ပိုင်းမှာတော့ အပြီးသတ် သိမ်းယူနိုင်တာလို့ ဒေသခံဆီကသိရပါတယ်။
ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ပေါင်းစုံ ပါဝင်ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဒေသခံဆီကသိရပါတယ်။
ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်မှုနဲ့ အသေးစိတ်အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ဒီပဲယင်းမြို့နယ် ပကဖ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ဒီပဲယင်းမြို့ဟာ စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တည်ရှိရာ မုံရွာမြို့နဲ့ မိုင် ၄၀သာ ကွာဝေးပါတယ်။
မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေချိန် စစ်အုပ်စုက လေကြောင်းပစ်ကူနဲ့ ခုခံခဲ့ပြီး မနေ့က တစ်ရက်တည်း လေကြောင်းဗုံးကြဲမှု အကြိမ်ရေ ၁၅ ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့အစည်းတွေဆီကသိရပါတယ်။
လာရောက်ပစ်ခတ်တဲ့လေယာဉ်တွေကတော့ တိုက်ခိုက်ရေးရဟတ်ယာဉ် (Mi-35)၊ ဂျက်ဖိုက်တာနဲ့ ထောက်ပို့လေယာဉ်(Y-12)တွေဖြစ်ပါတယ်။
ဒီပဲယင်းမြို့ကို အပြီးသတ် မသိမ်းနိုင်သေးခင် ယခုနှစ်ဆန်းကတည်းက တော်လှန်ရေးတပ်တွေဟာ မြို့ရဲ့ ဧရိယာထက်ဝက်ကျော်ကို စိုးမိုးထိန်းချုပ်ထားတာဖြစ်တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေက ပြောပါတယ်။
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

