သတင်းဓါတ်ပုံ – ကောင်းထက်စံ၊ စည်သူ








ရန်ကုန်မြို့၊ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်မြေအမှတ်(၂)တွင်ပါဝင်သော ဘုရားကြီးရပ်ကွက်၊ မဲရုံအမှတ် (၁)တွင် ဆန္ဒမဲပေးမည့်သူများ အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေရပြီး တိုးကြိတ်စုပြုံနေသည်ကို ယနေ့နံနက် (၉) နာရီခန့်တွင် တွေ့ရှိရသည်။
ရွှေတိဂုံဘုရားလမ်းမပေါ်ရှိ ထိုမဲရုံတွင် ဆန္ဒမဲပေးသူများထဲမှ အချို့က မဲရုံတာဝန်ရှိသူများအား COVID – 19 ကူးစက်မှုပြင်းထန်းနေသည့် ကာလဖြစ်သည့်အတွက် လျှင်မြန်စွာ မဖြေရှင်းပါက ရောဂါပိုးများ ကူးစက်ရန် လွယ်ကူကြောင်း ပြောကြားနေသည်ကိုလည်း တွေ့ရသည်။ ဒဂုံမြို့နယ်တွင် နိုဝင်ဘာ ၇ ရက်အထိ COVID – 19 ကူးစက်ခံရသူ ၄၄၁ ဦး ရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ပိုးကူးစက်ခံရသည့် မြို့နယ်စာရင်းတွင် အဆင့် ၃၆ ရှိသည့် မြို့နယ်ဖြစ်သည်။
ထိုမြို့နယ်တွင် ယခုကျင်းပသည့် အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ လေးခုမှ ကိုယ်စားပေါင်း ၁၆ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ထိုအပြင် ရန်ကုန်တိုင်းဒေသကြီး ကရင်နှင့် ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီးနေရာ များအတွက် တိုင်းရင်းသားရေးရာဝန်ကြီးကိုယ်စားလှယ်လောင်း ၁၁ ဦးလည်း ဝင်ရောက်ယှဉ်ပြိုင်သည့် မြို့နယ်ဖြစ်သည်။
#Dailynews

