ကျော်ဇေယျ
ရန်ကုန်၊ဖေဖော်ဝါရီ-၁၃၊၂၀၂၀
ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ ထီလက်မှတ်ရောင်းအား အနည်းငယ်ကျဆင်းခဲ့ပေမယ့် ရငွေအပိုင်းမှာတော့ ယမန်နှစ်နဲ့နှိုင်းယှဉ်ရင် အခွန်ငွေ ကျပ် ၅၀ ဘီလီယံလောက် ပိုရရှိခဲ့တယ်လို့ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းရဲပိုင်ဟိန်းက ပြောပါတယ်။
၂၀၁၈-၁၉ဘဏ္ဍာနှစ်၊ ဒုတိယခြောက်လအတွင်း အခွန်အကောက်ရရှိမှု အခြေအနေကို ပြည်ထောင်စုလွှတ် တော်ကို ရှင်းလင်းရာမှာ သူက ပြောခဲ့တာပါ။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်က အောင်ဘာလေထီလက်မှတ်ရောင်းချမှုက ရငွေဟာ ၉၃ ဘီလီယံကျော်သာ ရခဲ့ပေမယ့် ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာတော့ ကျပ် ၁၄၄ ဘီလီယံကျော် ရရှိခဲ့တယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ ထီလက်မှတ်ရောင်းအားကျဆင်းခဲ့သေးတာလို့လည်း သူက ဆိုပါတယ်။
ပုံစာ- ကော့သောင်းမြို့က ထီလက်မှတ်အရောင်းဆိုင်တစ်ဆိုင်၊ ဓါတ်ပုံ- မော်ကွန်း
#Dailynews