ရန်ကုန် – ၂၀၂၃ ဇွန် ၂၂ (မော်ကွန်း)
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်အမှိုက်ပုံမှာ ဒီကနေ့ ၁၀:၀၀ နာရီကျော်လောက်က မီးစတင်လောင်ကျွမ်းနေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။
အခုချိန်ထိမီးငြိမ်းသတ်နေပြီး မီးဘယ်ကစတင်လောင်ကျွမ်းတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
လက်ရှိမှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က Level 2 အဆင့် ယာဉ်အုပ်စုနဲ့ငြိမ်းသတ်နေတယ်လို့ဆိုပါတယ်။
ထိန်ပင်အမှိုက်ပုံဟာ ၂၀၁၈ တုန်းကလည်း လောင်ကျွမ်းခဲ့ဖူးပြီး မီးသတ်တပ်ဖွဲ့တွေ ရက်နဲ့ချီငြိမ်းသတ်ခဲ့ရတာပါ။
Photo- Myanmar Fire Service Department
#Dilynews