လောင်းလုံ – ၂၀၂၃ ဖေဖော်ဝါရီ ၂၀ (မော်ကွန်း)
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက ဒေသခံပြည်သူလူထုနဲ့အတူ သပိတ်တွေက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဒီကနေ့ဆန္ဒထုတ်ဖော်မှုမှာ ထားဝယ်ခရိုင်ဒီမိုကရေစီလှုပ်ရှားမှုသပိတ်ကော်မတီကဦးဆောင်ကာ လောင်းလုံမြို့နယ်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်၊ လောင်းလုံမြို့နယ်အခြေခံပညာကျောင်းသားများသပိတ်နဲ့ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)တို့နဲ့အတူ ဒေသခံပြည်သူလူထု စုစုပေါင်း ၅၀၀ ကျော် ပါဝင်ခဲ့တယ်လို့ သပိတ်တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
ပြည်သူလူထုမထောက်ခံသည့် အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့ တရားမဝင်ရွေးကောက်ပွဲကိုပြုလုပ်ဖို့ကြိုးစားနေတာကြောင့် ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)အနေနဲ့ နိုင်ငံရေးအံတုမှုနည်းနာတွေနဲ့ ဆန့်ကျင်တော်လှန်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ – (DDMSC)
#Dailynews

