ကံပေါက် – ၂၀၂၂ ဇူလိုင် ၂၈ (မော်ကွန်း)
ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလ ၂၈ရက်က အာဏာသိမ်းစစ်တပ်အကြမ်းဖက်ဖြိုခွင်းခဲ့လို့ ကျဆုံးခဲ့ရတဲ့ ထားဝယ်ပင်မသပိတ်ဆန္ဒပြပြည်သူလေးဦးအတွက် ၁၇ လပြည့် အမှတ်ရဂုဏ်ပြု၊ ဆီမီးထွန်းညှိခြင်းကို ထားဝယ်ခရိုင်၊ ကံပေါက်ဒေသက လူငယ်တွေက ဒီကနေ့ညနေပိုင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။
ယမန်နှစ်က အကြမ်းမဖက်လူထုလှုပ်ရှားအရှိန်အမြင့်ဆုံးအချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းခြင်းခံရပြီး ဆန္ဒပြပြည်သူတွေဖြစ်တဲ့ ရေဖြူမြို့နယ်က ကိုဖေသန်း ၊ လောင်းလုံမြို့နယ်က ကိုဗညားအောင် နဲ့ ထားဝယ်မြို့နယ် က ကိုလွင်လွင်ဦး ၊ ကိုသန်းဝင်းတို့ လေးဦး ကျဆုံးခဲ့ကြရပါတယ်။
#Dailynews

