ရန်ကုန်- ၂၀၂၁ အောက်တိုဘာ ၁ (မော်ကွန်း)
ချင်းပြည်နယ်နဲ့ အိန္ဒိယနယ်စပ်က ထန်တလန်စစ်ဘေးရှောင်ပြည်သူတွေရဲ့စခန်းမှာ လာမယ့် နှစ်ပတ်အတွင်း စားနပ်ရိက္ခာ ပြတ်လပ်တော့မယ်လို့ စစ်ဘေးရှောင်ပြည်သူတွေ ကိုကူညီပေးနေတဲ့အဖွဲ့ကပြောပါတယ်။
“လောလောဆယ်တော့အဆင်ပြေသေးတယ်ဆိုပေမယ့် အစားအစာတွေကတစ်ဖြည်းဖြည်းလျော့လာနေပြီ။ လာမယ့် နှစ်ပတ်လောက်ကျရင်တော့ အခက်ကြုံနိုင်တယ်” လို့ ထန်တလန်စစ်ဘေးရှောင်တွေကိုကူညီပေးနေတဲ့ Thantlang Placement Affairs Committee- IDPs အဖွဲ့မှ တာဝန်ခံ ဆလိုင်းလျန်က ပြောပါတယ်။
ထန်တလန်မြို့ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်က စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ အင်အားသုံး ပစ်ခတ်ခဲ့တာကြောင့် သင်းအုပ်ဆရာတော်တစ်ဦး သေဆုံးခဲ့ပြီး မြို့လုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ချင်းပြည်နယ်အခြေစိုက် သတင်းဌာနတွေက ရေးသားထားပါတယ်။
လက်ရှိ ထန်တလန်က စစ်ဘေးတိမ်းရှောင်သူ တစ်သောင်းနီးပါးရှိနေပါတယ်။ အဲ့ထဲကမှ လူဦးရေ ၂,၅၀၀ နီးပါးလောက်က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် သို့ ခိုလှုံသွားကြတယ်လို့ Thantlang Placement Affairs Committee- IDPs အဖွဲ့ဆီက သိရပါတယ်။
ပုံစာ – ထန်တလန်မြို့နယ်မှ စစ်ရှောင်ပြည်သူများ။
ဓါတ်ပုံ – Thantlang Placement Affairs Committee (TPAC)
#Dailynews

