ရန်ကုန်-၂၀၂၂ နိုဝင်ဘာ ၁၇ (မော်ကွန်း)
အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီးထားသူ ၅,၇၇၄ ဦးကို ဒီကနေ့ကျရောက်တဲ့ ၁၀၂ နှစ်မြောက် အမျိုးသားနေ့ပြန်လွှတ်ပေးခဲ့ပါတယ်။
စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်သူတွေထဲမှာ ၅၀၅(က)နဲ့ တရားစွဲဆိုခံထားရတဲ့ အနုပညာရှင် ၁၁ ဦးပါဝင်ပြီး သူတို့ကိုစွဲဆိုထားတဲ့အမှုတွေပိတ်သိမ်းကြောင်း ကြေညာချက်မှာပါပါတယ်။
ဒီကနေ့ပြန်လွတ်လာသူတွေထဲမှာ NLDပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်၊ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမြအေး၊ စာရေးဆရာမောင်သာချိုနဲ့ ရန်ကုန်တိုင်းလွှတ်တော်ဒုဥက္ကဌဟောင်း ဦးလင်းနိုင်မြင့်လည်းပြန်လွတ်လာတာတွေ့ရပါတယ်။
“ကျွန်တော်မြန်မာပြည်သူတွေနဲ့အတူတူပဲရှိပါတယ်။အမြဲတမ်းအတူတူပဲရှိပါတယ်”လို့ ကိုမြအေးကပြောပါတယ်။
စစ်ကောင်စီက ပြန်လွှတ်ပေးတဲ့အထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ဩစတေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်၊ ဗြိတိန်နိုင်ငံသူ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်း၊ ဂျပန်နိုင်ငံသား တိုရူကူဘိုတာနဲ့ အမေရိကန်နိုင်ငံသား ဦးကျော်ဌေးတို့လည်းပါဝင်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPရဲ့ နိုဝင်ဘာ၁၆ရက်စာရင်းတွေအရ အာဏာသိမ်းစစ်ကောင်စီရဲ့ဖမ်းဆီးခံထားရသူ ၁၃,၀၀၀ ကျော်ရှိပါတယ်။
Photo: Mawkun
#Dailynews

