“သမ္မတဦးသိန်းစိန်က ၂ဝ၁၆၊ မတ်လ ၂၉ ရက်မှာ သူ့လက်ထက်က သူ ဖွဲ့စည်းခဲ့တဲ့အဖွဲ့တွေကို ပြန်လည်ဖျက်သိမ်းကြောင်း ကြေညာခဲ့တယ်။ အဲဒီကြေညာခဲ့တဲ့ ၁၂၉ ဖွဲ့မှာ EITI အဖွဲ့လည်း ပါသွားတယ်။ အဲဒီကတည်း EITI လုပ်ငန်းစဉ်တွေက ရပ်သွားခဲ့တာ။ အခုမှ ဒီဟာကို ပြန်စလုပ်ဖို့ ဒီအစိုးရလက်ထက်မှာ တရားဝင် ပြန်ကြေညာတာပေါ့။”
“ဒုတိယအစီရင်ခံစာက အခုလထဲမှာ အပြီးတင်သွင်းရမှာ။ အဲဒီတော့ အစီရင်ခံစာက အချိန်မီ မသွင်းနိုင်တော့ဘူး။ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာခဲ့တဲ့အတွက် အစီရင်ခံစာ တင်သွင်းခွင့်ကို တစ်နှစ်သက်တမ်းတိုးပေးဖို့ လျှောက် ရတယ်။ အဲဒီအတွက် နှစ်နှစ်စာကို ဒုတိယအကြိမ် အစီရင်ခံစာအနေနဲ့ ၂ဝ၁၈၊ မတ်လထဲမှာ ထွက်အောင် ရေးရမယ်။ ”
“အစီရင်ခံစာအတွက် ဝန်ကြီးဌာနတွေကို အချက်အလက် သွားတောင်းတဲ့သူတွေ ပြောပြတာကို ပြန်ပြောရရင် ဝန်ကြီးဌာန တွေသည် ဘာအချက်အလက်တွေ ပေးရမယ်၊ ဘယ်လောက်အချက်အလက်တွေ ထုတ်ပေးရမယ်၊ ဘာတွေကို ပေးရမယ် ဆိုတာ သေချာ မသိကြဘူးတဲ့။ အဲဒါကြောင့် ကျွန်မတို့ သုတေသနလုပ်ဖို့ လိုလာတယ်။ ပြီးခဲ့တဲ့ အစီရင်ခံစာမှာတုန်းကလည်း အချက်အလက်တွေမရတဲ့အတွက် စာရင်းစစ်ချုပ်ရုံး ဥပဒေ ၄၉(ခ)ကို သမ္မတအကူအညီနဲ့ ကျော်ခဲ့ရတယ်။”
“အဲဒါကြောင့် ဒီလုပ်ငန်းစဉ်ကို ဘယ်အရာတွေက ကြန့်ကြာနေစေတာလဲ၊ အခွန်တွေ အဓိက ဘယ်နေရာတွေမှာ ပျောက်နေ တာလဲဆိုတာတွေကို သိရဖို့ အခုအစီရင်ခံစာအတွက် ရှေ့ပြေးသုတေသနတစ်ခုတော့ ကျွန်မတို့ လုပ်မှရမယ့် အနေအထား မျိုးစဉ်းစားထားတယ်။ ဒီလိုလုပ်နိုင်မှ ဒုတိယအကြိမ်အစီရင်ခံစာဟာ အရည်အသွေးကောင်းထွက်လာနိုင်မယ်။ ပထမ အစီရင်ခံစာတုန်းကလို ကွာဟမှုတွေ နောက်ထပ် မဖြစ်ပေါ်ရအောင် ဒုတိယအကြိမ် အစီရင်ခံစာကို ကောင်းကောင်းလုပ်ဖို့ လိုတယ်။”
“အဲဒါကြောင့် ဒီတစ်ခေါက်မှာတော့ ပြည်သူကို ချပြရမယ့် ကိစ္စရှိလာတယ်။ အဲဒီအတွက် ဝန်ကြီးဌာနတွေ၊ ကုမ္ပဏီတွေ အနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းရမှာပေါ့။”
“ဌာနတွေမှာ ပွင့်လင်းမြင်သာမှုမရှိတဲ့စနစ်က ခေါက်ရိုးကျိုးနေတယ်။ အစိုးရရဲ့ သတင်းအချက်အလက်မှန်သမျှသည် ပြည်သူသိခွင့် မရှိဘူးဆိုတဲ့ အတွေးအခေါ်တွေကိုလည်း အတော်လေး ပြုပြင်ပြောင်းလဲရမယ့် ကိစ္စဖြစ်တယ်။”
“ဒုတိယအကြိမ်အစီရင်ခံစာဟာလည်း ပထမအစီရင်ခံစာလို အပေါက်တွေ၊ လိုအပ်ချက်တွေနဲ့ပဲ တင်သွင်းမယ်ဆိုရင်တော့ EITI အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ မြန်မာနိုင်ငံအနေနဲ့ ရွေးချယ်ခံရနိုင်ခြေ နည်းသွားလိမ့်မယ်။ ”
“EITI အဖွဲ့ကြီးရဲ့ သတ်မှတ်ချက်အရလည်း စာရင်းဇယားတွေကိုထိမ်ချန်ထားလို့မရဘူး။ မြန်မာနိုင်ငံဟာ EITI အဖွဲ့ကြီး ရဲ့ တင်းပြည့်အဖွဲ့ဝင်ဖြစ်ရေးအတွက် လုပ်ငန်းစဉ်အောင်မြင်ဖို့က ဒီသုံးဘက်က လားရာတူကို ရှေးရှုဖို့လိုတယ်။ နင်က ဘာလဲ၊ ငါက ဘာလဲ ဆိုတဲ့ အမြင်တွေနဲ့ဆိုရင်တော့ အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့က မလွယ်ဘူး။ ”