ရန်ကုန်- ၂၀၂၂ ဩဂုတ် ၃၀ (မော်ကွန်း)
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် မောင်းမကန်လမ်းနဲ့ စည်ပင်လမ်းထောင့် ၁၈ကွေ့မှတ်တိုင်အနီးမှာ လုံခြုံရေးကင်းလာချတဲ့စစ်ကား ဒီကနေ့မနက် ၆ နာရီဝန်းကျင်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
“မနက် ၆ နာရီလောက်ကပေါက်ကွဲတာ။ အသံအကျယ်ကြီးပဲ။ အဲဒီနားကဈေးလည်းရှိတော့ ဈေးသွားဈေးလာတချို့လည်းထိသွားတယ်။ သုံးယောက်လောက်ထိသွားတယ်” လို့ ဖြစ်စဉ်အနီးမှာနေထိုင်သူတစ်ဦးကပြောပါတယ်။
အဲဒီမိုင်းခွဲတိုက်ခိုက်မှုကို Special Task Agency of Burma(STA) ကလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
တောင်ဒဂုံမြို့နယ်မှာ မနက်၆နာရီဝန်းကျင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲနှစ်ဦးနဲ့ တပ်သားတွေကို Double Cup ကားနဲ့ကင်းလာချတဲ့အချိန် မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီစစ်သားနှစ်ဦး ဒဏ်ရာရခဲ့ပြီး အခြားထိခိုက်သေဆုံးမှုရှိမရှိ စုံစမ်းနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
#Dailynews

