ရန်ကုန် – ၂၀၂၂ ဇွန် ၃ (မော်ကွန်း)
ဖမ်းဆီးစောင့်ကြည့်မှုတွေ အမြဲရှိနေတဲ့ ရန်ကုန်မြို့က စစ်အာဏာရှင်တော်လှန်ရေးသပိတ်ကတော့ ဒီကနေ့ နံနက်ပိုင်းမှာ ပြောက်ကျားဆန္ဒထုတ်ဖော်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
“တောင်တန်းပင်မ ညီညွတ်ကြသည်” စာသားကို ဆွဲကိုင်ပြီး ရန်ကုန်မြို့တစ်နေရာမှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
တောင်တန်း၊ ပြည်မ လူထုတစ်ရပ်လုံးရဲ့ ညီညွတ်မှုနဲ့သာ အရေးတော်ပုံအောင်ပွဲကို ရနိုင်မှာလို့ သပိတ်ကဆိုပါတယ်။
ဓာတ်ပုံ – စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
#Dailynews

