ကျော်ဇေယျ
ဇန်နဝါရီ-၂၁
ကြက်ငှက်တုတ်ကွေးနဲ့ အာဖရိကဝက်တုတ်ကွေးရောဂါတွေကျရောက်နိုင်ချေမြင့်တဲ့ အရှေ့တောင်အာရှက နိုင်ငံတွေ စာရင်းမှာ မြန်မာနိုင်ငံပါဝင်တယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခနှင့်စိုက်ပျိုးရေးအဖွဲ့အစည်း(FAO)ရဲ့ ယနေ့ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။
ဇန်နဝါရီကနေ မတ်လအထိ သုံးလစာခန့်မှန်းထားတဲ့ “Early Warning Early Action” ဆိုတဲ့ FAO ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဒီအစီရင်ခံစာမှာ “တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာအန္တရာယ်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မြန်မာနိုင်ငံကို ဒေသတွင်း နိုင်ငံ တွေနဲ့အတူ အခုလို ဖော်ပြခဲ့တာပါ။
မြန်မာနိုင်ငံနဲ့အတူ ကြက်ငှက်တုတ်တွေးရောဂါ ( avian influenza)၊ အာဖရိကဝက်တုတ်ကွေးရောဂါ (African swine fever ) ကျရောက်နိုင်ခြေမြင့်တဲ့နိုင်ငံတွေအဖြစ် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မလေးရှား၊ထိုင်းနဲ့ တရုတ်နိုင်ငံတို့ကိုလည်း ဖော်ပြပြီး လာအို၊ မြောက်ကိုရီးယားနဲ့ နီပေါနိုင်ငံတွေကိုတော့ ဒီရောဂါတွေနဲ့ ပတ်သက်ရင် အန္တရာယ်အမြင့်ဆုံး ကျရောက်နိုင်ချေရှိတဲ့ နိုင်ငံတွေစာရင်းမှာ FAO က ထည့်သွင်းထားပါတယ်။
ကြက်ငှက်တုတ်တွေးရောဂါ ( avian influenza) လို့ ခေါ်တဲ့ ဒီတုတ်ကွေးဟာ ကြက်၊ငှက်တွေရဲ့ အသက်ရှုလမ်းကြောင်း ကို ကူးစက်လွယ်ပြီး လူကိုကူးစက်တာက တစ်ခါတစ်လေမှ ဖြစ်တယ်လို့ အွန်လိုင်းမှာ ကျန်းမာရေးဆောင်းပါးတွေ ဖြန့်ေ၀ ဖော်ပြနေတဲ့ ဒေါက်တာတင်ဆွေက ရှင်းပြထားတယ်။ တကယ်လို့ ဒီရောဂါ လူကိုကူးစက်ခံရရင်တော ၆၀ ရာခိုင်နှုန်း သေဆုံးနိုင်တယ်လို့ သူက ဆိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ဦးမျိုးဇော်အောင်ကတော့ ဝက်နားရွက်ပြာရောဂါ နဲ့ အခြားရောဂါတွေကြောင့် စစ်ကိုင်းတိုင်းဒေ သကြီး၊ ကောလင်းနယ်မှာ ဝက်ကောင်ရေထောင်ချီသေဆုံးပြီး အကောင်ရေသောင်းချီကို လျော့ဈေးနဲ့ရောင်းခဲ့ရတာ ကြောင့် စီးပွားရေးပျက်စီးသွားတဲ့မွေးမြူရေးသမားတွေအတွက် နိုင်ငံတော်ကထောက်ပံ့ကူညီပေးရန်အတွက် ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး၊ ပထမနေ့မှာ မေးခွန်း မေးခဲ့ပါတယ်။
- #mawkun
- #magazine
- #chronicle