ဂေထော
ရန်ကုန် – ၂၀၂၀ ဩဂုတ် ၂၅ (မော်ကွန်း)..








ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေလေးကုန်းဆင်း၊ သာယာရွှေပြည်လမ်းထိပ်ရှိ ပျဉ်ထောင် လေးထပ်တိုက် ယနေ့မွန်းလွဲ ၃ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဒုတိယထပ်မှစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ရသည့်အကြောင်းရင်းနှင့် ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး မသိရှိရသေးကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကဆိုသည်။
မီးလောင်ကျွမ်းမှု level 2 ဖြင့် ၃နာရီ ၄၀ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး လေးထပ်တိုက်တစ်တိုက်လုံး မီးလောင်ဆုံးရှုံးခဲ့ကာ အနီးရှိ တိုက်များသို့ မီးကူးစက်မှုရှိခဲ့သည်။
ယခုမီးလောင်မှုတွင် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူမရှိသေးကြောင်း မီးလောင်မှုသို့လာရောက်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများအား မေးမြန်းချက်မှ သိရသည်။
ဓါတ်ပုံ – ဂေထော
#Dailynews

