ဖူးမေ
ဒီဇင်ဘာ-၁၈
တာမွေဈေးသူဈေးသားများ ရောင်းဝယ်ရေး ပြန်လည်ကောင်းမွန်လာစေရန် တာမွေဈေးသစ်အား အျမန္တည်ဆောက်ရေး ဈေးသူဈေးသားများက ထောက်ခံကြောင်း မီဒီယာရှင်းလင်းပွဲကို ယေန႔ ကာလက္ကတ္တားကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။
၎င်းပွဲသို့ ဈေးသူဈေးသားများနှင့် မီဒီယာသမားများ အပါအဝင် အယောက် ၃၀ ခန့်တက်ရောက်ခဲ့ကြသည်။
“တောင်းဆိုထားတဲ့အချက်တွေကြောင့် ဒုက္ခရောက်နေတဲ့ ဈေးသူဈေးသားတွေရှိနေပြီး အမြန်ဆောက်ချင် တဲ့အနေအထားမို့လို့ ဒီပွဲလုပ်တာ” ဟု ပွဲစီစဉ်သူ ဈေးသူဈေးသားများမှ တစ်ဦး ဖြစ်သူ ဦးကြည်ဝင်း ကပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုပြောသည်။
ဤဈေးအသစ်ဆောက်ရန် စီစဉ်ခဲ့သည်မှာ ၂၀၁၂ ခုနှစ် ကတည်းကပင်ဖြစ်သည်။ သို့သော် ဈေးသူဈေးသားများကတောင်းဆိုထား သောအချက် ရှစ်ချက်ကို ရန်ကုန်တိုင်းအစိုးရ၊ မြို့တော်စည်ပင်သာယာရေးကော်မတီတို့ကလက်ခံညှိနှိုင်းမှု မရသေးသောကြောင့် ဈေးသစ်တည်ဆောက်ရန် ခုနစ်နှစ်ကြာခဲ့ ခြင်းဖြစ်သည်။
ဈေးသူ ဈေးသားများက ဈေးအသစ်တည် ဆောက်ရာတွင် တောင်းဆိုထားသည့် အချက်ရှစ်ချက်မှာ မြေအောက်ထပ်မထည့်သွင်းရေး၊ ပတ်ပတ်လည်ဝင်ပေါက်များ ထားရှိပေးရေး၊ မြေညီထပ်အမြင့်ကို ပေ ၂၀ ထားရှိပေး ရေး စသည့် အချက်များဖြစ်သည်။
#mawkun #magazine #chronicle #dailynews