ရုပ်သံသတင်း
သဇင်လတ်၊ ဂေထော
ရန်ကုန်၊ ၂၀၂၀ ဇူလိုင် ၁၄ (မော်ကွန်း)
ကိုဗစ်-၁၉ ကပ်ရောဂါ ကာလမှာ စုဝေးတရားဟောပွဲပြုလုပ်ခဲ့တာကြောင့် သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ တရားစွဲခံထားရတဲ့ တရားဟောဆရာစောဒေးဗစ်လားတို့အမှုမှာ စွပ်စွဲခံရသူတွေဘက်ကတင်းသွင်းထားတဲ့ တရားခံပြသက်သေသုံးဦးကို ဒီနေ့ မရမ်းကုန်းမြို့နယ်တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။
စွပ်စွဲခံရသူတွေဘက်က တရားခံပြသက်သေ ၆ဦးကိုတင်သွင်းထားတာ ဖြစ်ပြီးဒီနေ့မှာတော့သုံးဦးကိုစစ်ဆေးတာပါ။
#Dailynews