အရာတော် – ၂၀၂၃ ဇန်နဝါရီ ၁၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ဒီကနေ့မနက် ၇:၀၀ နာရီဝန်းကျင်က အင်ကြင်းလှရပ်ကွက်ထဲ အိမ်ထောင်စုစာရင်းကောက်ဖို့ ရှေ့ပြေးလုံခြုံရေးလာယူတဲ့ အာဏာသိမ်းတပ်က စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ရှေ့ပြေးလာတဲ့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်၊ စစ်သားတွေကို ကြိုတင်စောင့်ကြိုပြိီး မိုင်းနှစ်လုံးနဲ့တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့တာလို့ အရာတော်မြို့နယ် ပ.က.ဖ တာဝန်ရှိသူကပြောပါတယ်။
“သူတို့ထိခိုက်မှုရှိမရှိတော့မသိရသေးပါဘူး၊မိုင်းဆွဲခံရပြီးတော့သူတို့လှည့်ပြန်သွားပြီး စစ်ဆေးမှုတွေလုပ်နေတယ်၊ ကျွန်တော်တို့ဘက်က ရရာနည်းနဲ့ကန့်ကွက်သွားမှာပါ”လို့ တာဝန်ရှိသူကပြောပါတယ်။
အရာတော်မြို့နယ်မှာ ၂၀၂၃ ဇန်နဝါရီကိုးရက်နေ့ကစတင်ပြီး အာဏာသိမ်းစစ်တပ်နဲ့ရဲတွေ လက်နက်ကိုင်ဆောင်လုံခြုံရေးယူကာ မီးသတ်နဲ့ NonCDM ဝန်ထမ်းတွေ တစ်အိမ်တက်ဆင်း အိမ်ထောင်စုစာရင်း စတင်ကောက်ခံခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ တရားမဝင်ရွေးကောက်ပွဲအတွက် အားတက်သရောပါဝင်ပြီး သန်းခေါင်စာရင်း၊အိမ်ထောင်စုစာရင်းလိုက်လံကောက်ခံပေးနေတဲ့ Non CDM ဝန်ထမ်းတွေ စာရင်းကိုအတိအကျရရှိထားပြီး အရေးယူမှုဆောင်ရွက်သွားမှာဖြစ်တယ်လို့ အရာတော်ပ.က.ဖ တာဝန်ရှိသူကပြောပါတယ်။
စစ်သားတွေမိုင်းဆွဲခံရပြီးနောက်အနီးနားလူငယ်တစ်ဥဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
#Dailynews

