ဒူးပလာယာ – ၂၀၂၃ နိုဝင်ဘာ ၁၇ (မော်ကွန်း)
ကော်သူးလေ၊ ကရင်အမျိုးသားအစည်းအရုံး(KNU )၊ ကော့ကရိတ်မြို့နယ်ထဲမှာရှိတဲ့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးဝန်ထမ်းတွေအနေနဲ့ ဒီကနေ့ကစလို့ တစ်ပတ်အတွင်း နယ်မြေထဲက ထွက်ခွါဖို့ သတိပေးချက်ကို ကေအဲန်ယူ(ကော့ကရိတ်မြို့နယ်)က ထုတ်ပြန်လိုက်ပါတယ်။
ကေအဲန်ယူ(ကော့ကရိတ်မြို့နယ်) အောက်မှာရှိတဲ့ ကော့ကရိတ်၊ ကျိုက်ဒုံ၊ စုကလိနဲ့ ဝေါလေမြိုင်မြို့တွေထဲက အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်ခံအုပ်ချုပ်ရေးဝန်ထမ်းတွေအားလုံးထွက်ခွါရမှာဖြစ်ပါတယ်။
အကြိမ်ကြိမ်သတိပေးထားပြီးပြီမို့ နောက်ဆုံးအကြိမ်အနေနဲ့ သတိပေးတာဖြစ်ပြီး မလိုက်နာရင် နောက်ဆက်တွဲပြဿနာတွေကို တာဝန်ယူမှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ကေအဲန်ယူတပ်မဟာ ၆၊ ကော့ကရိတ်မြို့နယ်က KNLA တပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း ၁၈၊ ၂၀၁၊ ၁၀၃၊ ၂၈ နဲ့ တပ်မဟာ လုံခြုံရေးစစ်ကြောင်းတွေက ကေအဲန်ယူကော့ကရိတ်မြို့နယ် အမြဲတမ်းကော်မတီနဲ့အတူ ဒီသတိပေးချက်ကို ထုတ်ပြန်တာဖြစ်ပါတယ်။
ဓာတ်ပုံ – ကေအဲန်ယူ(ကော့ကရိတ်မြို့နယ်)