ရန်ကုန် – ၂၀၂၂ နိုဝင်ဘာ ၃၀ (မော်ကွန်း)
တပ်ပိုင်မြေဆိုပြီးဖျက်ဆီးခံရတဲ့ မင်္ဂလာဒုံမြို့နယ်ထဲက ရပ်ကွက်ငါးခုကဒေသခံတွေဟာ နေဖို့စားဖို့ အခက်ကြုံနေကြရတယ်လို့ အိမ်ဖျက်ဆီးခံလိုက်ရသူတွေကပြောပါတယ်။
“တချို့က အငှားလက်မခံဘူး။ နေဖို့စားဖို့က အခက်အခဲတွေဖြစ်နေကြတယ်။ အဆင်မပြေဘူးဖြစ်နေတာ အကုန်လုံး။ လမ်းဘေးမှာအိပ် လမ်းဘေးမှာစားဖြစ်နေရတယ်” လို့ ဖျက်ဆီးခံခဲ့ရတဲ့ စံသမာဓိရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
ဆွေမျိုးနီးစပ်ရှိသူတွေကတော့ နီးစပ်ရာနေရာတွေမှာသွားနေကြပြီး အများစုကတော့ နေစရာ အခက်အခဲဖြစ်နေကြတယ်လို့ ဆိုကြပါတယ်။
“အိမ်ဆို ဘာမှပစ္စည်းသိမ်းချိန်မရဘူး။ ကျွန်တော်တို့လုပ်ငန်းသုံးမယ့်ပစ္စည်းတွေကအစ၊ ဝင်ဖြိုတယ် ဖျက်ဆီးတယ်။ အိမ်တွင်းပစ္စည်းတော်တော်များများလည်းပါသွားပါတယ်”လို့ အိမ်ဖျက်ခံရသူတစ်ဦးကဆိုပါတယ်။
စံသမာဓိရပ်ကွက်မှာတော့ စစ်ကောင်စီက ခြံစည်းရိုး စကာနေပြီလို့သူကဆိုပါတယ်။
ပြောင်းရွှေ့ခိုင်းထားတဲ့ရပ်ကွက်ငါးခုဟာ မင်္ဂလာဒုံမြို့နယ် ပျဥ်းမပင်ကျေးရွာအုပ်စုထဲက စံသမာဓိ၊ မြဝတီ၊ ဓမ္မပါလ၊မြဲမြံအောင်နဲ့ ဂုံညှင်းနီး ရပ်ကွက်တွေဖြစ်ပြီး လူဦးရေငါးသောင်းနီးပါးနေထိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
အဲဒီလိုဖယ်ရှားခိုင်းတာကြောင့် စိတ်ကျပြီး အဆုံးစီရင်သွားသူတွေလည်းရှိပါတယ်။
ပုံစာ – စစ်ကောင်စီကပြောင်းရွှေ့ခိုင်းသောကြောင့် နိုဝင်ဘာ၂၂ရက်က ဖျက်သိမ်းနေရသောနေအိမ်များ
ဓါတ်ပုံ – မော်ကွန်း
#Dailynews

