တန့်ဆည် – ၂၀၂၁ ဒီဇင်ဘာ ၂၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ မြောက်အင်းရွာကို ဒီကနေ့ မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။
ဒီလို မီးရှိူ့ဖျက်ဆီးခဲ့လို့ နေအိမ် ခြောက်လုံးထက်မနည်း မီးလောင်ကျွမ်း၊ ပျက်စီးနိုင်ကြောင်း ဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မြောက်အင်းရွာထဲကို အင်အား(၅၀)ခန့်နဲ့ ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံက ပြောပါတယ်။
ရွာသူရွာသားတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရပြီး ငြှိမ်းသတ်ပေးမယ့်လူမရှိတာကြောင့် မီးလောင်ပျက်စီးအိမ်အရေအတွက် ထပ်တိုးလာနိုင်ကြောင်း ဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တန့်ဆည်နယ်နဲ့ ရေဦးနယ်အစပ်က ကျေးရွာတွေကိုလည်း ဒီဇင်ဘာလ ၂၀နဲ့ ၂၁ ရက်ဝန်းကျင်က ဝင်ရောက်မီးရှို့ဖျက်ဆီးတာတွေပြုလုပ်ခဲ့ပြီး ရေဦးမြို့နယ် ရေမြက်ရွာမှာ အိမ်ပေါင်းခြောက်ဆယ်ကျော် ပျက်စီးဆုံးရှုံးခဲ့ကာ ပြည်သူ ခုနှစ်ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။
ပုံစာ – မြောက်အင်းရွာကို စစ်ကောင်စီ မီးရှိူ့နေသည်ကို အဝေးကမြင်တွေ့ရစဥ်။
ဓါတ်ပုံ-နယ်ခံ
#Dailynews

