ရန်ကုန်-၂၀၂၂ နိုဝင်ဘာ ၇ (မော်ကွန်း)
ဒီကနေ့ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ ရွှေတိဂုံဘုရားမှာ မနက်အစောပိုင်းကတည်းက ဘုရားဖူးလာရောက်သူတွေနဲ့ အရင်နေ့တွေကထက်စည်ကားနေပါတယ်။
“မနက်ကတည်းက ဘုရားဖူးတွေတော်တော်များတယ်။ အရင်နေ့တွေကထက်ပိုစည်တာပေါ့။ ဒီလိုအခါကြီးရက်ကြီးတွေပဲ ဈေးရောင်းကောင်းတာ၊ ကျန်တဲ့ရက်တွေတော့ဘုရားဖူးနည်းတော့ ရောင်းမကောင်းဘူး”လို့ နိဗ္ဗာန်ကုန်ရောင်းချသူတစ်ဦးကပြောပါတယ်။
လပြည့်နေ့လူပိုမိုစည်ကားတာကြောင့် အာဏာသိမ်းစစ်ကောင်စီက ဘုရားတစ်ခုလုံးမှာ လုံခြုံရေးပိုမိုတင်းကြပ်ထားပြီး ရဲ၊စစ်သားတွေအပြင် အရပ်ဝတ်တွေနဲ့စောင့်ကြည့်နေသူတွေလည်းရှိပါတယ်။
ရွှေတိဂုံဘုရားအနောက်ဘက်မုခ်ဦးကိုလည်း အရင်ကသော့ခတ်ထားတဲ့အတိုင်းဖွင့်မထားဘဲ ဘေးနှစ်ဖက်မှာရှိတဲ့ အပေါက်ငယ်လေးတွေကပဲတက်ခွင့်ရပြီး စစ်ကောင်စီလက်အောက်ခံရဲတွေက လုံခြုံရေးယူထားပါတယ်။
“ပုံမှန်နေ့တွေဆိုရင်တော့ အခုလောက်အစစ်ဆေးမကြပ်ဘူး။ ဒီနေ့တော့အစစ်ဆေးလည်းကြပ်တယ်။လုံခြုံရေးယူထားတာတွေလည်းများတယ်”လို့ ဘုရားဖူးလာသူတစ်ဦးကပြောပါတယ်။
အိမ်စီးကားနဲ့လာရောက်သူတွေကိုလည်း ကားတစ်စင်းလုံးဖွင့်စစ်ဆေးတာတွေရှိနေပါတယ်။
ရန်ကုန်မြို့အနှံ့မှာလည်း စစ်ကားတွေနဲ့ကင်းလှည့်နေတာတွေရှိနေပါတယ်။
Photo: Mawkun
#Dailynews

