၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ book review ဖြစ်ပါသည်။
သင့်နော်ရေးသည်
ဗမာနဲ့ ဂျပန်၊ ဂျပန်နဲ့ ဗမာ
အာရှတိုက်သားအချင်းချင်း။
နေမျိုးနွယ်တွေ။
ဗမာပြည်မှာ ဂျပန်ခေတ်ဆိုတာရှိခဲ့တယ်။ ဂျပန်က ဗမာပြည်ကို လွတ်လပ်ရေး ပေးခဲ့သေးတယ်။ ဂျပန် ငွေစက်္ကူတွေ သုံးခဲ့ကြဖူးတယ်။ ဂျပန့် လက်အောက် မှာ ဗမာတွေ ကောင်းကောင်း နေခဲ့ကြဖူးတယ်။ နိပွန်ဘိရုမာဘန်ဆိုင်းတို့၊ ယောရောရှိတို့၊ ဘတ်ကဲ ရိုးတို့ကို ဗမာတွေရင်းနှီးခဲ့ကြတယ်။ ဂျပန်ဗမာ ဆက်ဆံရေးသမိုင်းကြောင်းက ရှည်ရှည်လျားလျား ကြီးရှိတယ်။ ဒုတိယက်္ဘာ စစ်ပြီးတော့ ဂျပန်ဆီက စစ်လျော်ကြေး ဗမာက တော်တော်များများ ရခဲ့ သေးတယ်။ ဒီဘက်ခေတ်တစ်လျှောက်မှာ လည်း ဂျပန်ကဗမာကို တစ်ခုခုဖြစ်ဖြစ် မဖြစ်ဖြစ် အကူ အညီအများကြီးပေးတတ်တယ်။ စစ်အတွင်းမှာပဲ ဂျပန်ကို ဗမာက တော်လှန်ခဲ့သတဲ့။ ဖက်ဆစ်တွေ ကို တိုက်ထုတ်ပစ်တယ်။ အခု တပ်မတော်နေ့လို့ သတ်မှတ်ထားတဲ့ ၁၉၄၅ မတ် ၂၇ ရက်နေ့ရဲ့ မူလ အစဟာ တော်လှန်ရေးနေ့ပဲလေ။ ဂျပန်ဗမာ ဆက် သွယ်မှု လမ်းကြောင်းနောက်ခံ “သွေး” ဆိုတဲ့ ဝတ်္ထု က ထင်ရှားတယ်။ ဂျာနယ်ကျော်မမလေး ရေးတာ။
ခုနေခါမှာတော့ ဂျပန်အကြောင်း ပြောရတာ သိပ်အရသာ ရှိတာပေါ့။ ဗမာတွေက ဂျပန်ပြည်သွားပြီး အလုပ်လုပ်ကြရတယ်။ အရိဂတ်တောဂိုဆိုင်းမတ်တွေ၊ ကွန်နိချိဝါးတွေ၊ ဆာရိုးနားယား တွေ တွင်တွင်ရွတ်ပြီး အိုက်တိုးပဂေးဆန်ကြရတယ်။ ဂျပန်ဟာ အာရှမှာ ထိပ်တန်းနိုင်ငံကြီးတစ်ခုဘဝကို ရောက်နေပြီ။ ဗမာက သူ့ကို မှီခိုနေရတယ်။ အစစအရာရာ ဗမာက နောက်မှာပဲ ကျောက်ချနေနေခဲ့ပြီ။ ဂျပန်ကတော့ သူနဲ့ မျက်နှာချင်းဆိုင် ပစိ ဖိတ်ဟိုဘက်ကမ်းက အမေရိကန်ကို ခြေရာချင်း လိုက်တိုင်း နေတာ။
အဏုမြူဗုံးဒဏ်ကို ဟီရိုရှီးမားနဲ့ နာဂါစကီက ပွဲဦးထွက် နဖူးတွေ့ ဒူးတွေ့ ခံလိုက်ကြရပြီး ဂျပန်က ဒုတိယက်္ဘာစစ်ကို လက်နက်ချ အရှုံးပေးလိုက်တယ်။ ခါမိခါဇေတို့၊ ဟာရာကိရိတို့နဲ့ လက်ပွန်းတတီးနေခဲ့တဲ့ ဂျပန်ဟာ သတ်္တိသိပ်ကောင်းတာပေါ့။ စိတ်ဓာတ်သိပ်ခိုင်မာတာပေါ့။ ပြာပုံထဲက ပြန်ထလာတဲ့ ဂျပန်ကို ဒီကနေ့ တစ်က်္ဘာလုံးက မော့ကြည့်နေကြရပြီ။ မမော့လို့ ရ မလား။ ဆိုနီ၊ တိုယိုတာ၊ မစ်ဆူဘီရှီ၊ နေရှင်နယ်၊ ပင်နဆိုးနစ်၊ တို ရှီဘာ၊ ယာမဟာတွေက ဂလိုဘယ်လေ။ ဖူဂျီ၊ ဆာကူရာ၊ ဆူမို၊ ဂေ ရှား၊ ဂင်ဇာ၊ ယာကူဇာ၊ ကင်ဒို၊ ဖူကူယားမား၊ ဆူနာမီ၊ အိုဟိုင်းရိုး ဂိုဆိုင်းမတ်တွေကိုလည်း တစ်က်္ဘာလုံး ရင်းနှီးနေကြပြီပဲ။ ဟိုက်္ကူ တောင် ပါလိုက်သေးတယ်လေ။
ဂျပန်ကို အားကျရမှာ။ ဂျပန်နည်း ဂျပန်ဟန်ကို အတုယူ ရမှာ။ ဂျပန်ကျင့် ဂျပန်ကြံ ကြံကြရမှာ။ ဂျပန်ထုံး နှလုံးမူရမှာ။ ဂျပန်အိုင်ဒီယာ တို့အိုင်ဒီယာ လုပ်ရမှာ။ ဒါမှ ဗမာတွေလည်း ဂျပန်လို ကြီးပွားတိုးတက်မှာပေါ့။ ဂျပန်ကို အမီလိုက်ရမယ်။ တစ် နေ့တစ်လံ ဂျပန် ဘယ်ပြေးမလဲ။
ဟုတ်ကဲ့။ အဲဒီလို ဂျပန်စိတ်ဓာတ်သွင်း၊ ဂျပန်လို အဆင့် အတန်းရောက်အောင် ကြိုးစား၊ ဂျပန်လို တိုင်းပြည်မျိုး ဖြစ် အောင် ကြံဆောင်၊ ဂျပန်ကို အားကျ၊ ဂျပန်ကို အတုခိုးကြရ အောင် တကယ့်ဂျပန်ပြည်မှာ ဂျပန်လူမျိုးတွေ ဘယ်လို ကျင့်ကြံ အားထုတ်နေကြသလဲ။ သူတို့ ကျွန်းကြီးလေးကျွန်းနဲ့ ဘုစုခရု ကျွန်းလေးတွေကို ဘယ်လို ထူထောင် တည့်မတ်ထားသလဲ။ ဘယ်လို လူမှုစနစ်တွေနဲ့ စခန်းသွားနေသလဲ။ သူတို့ ရိုးရာဓလေ့ ဟာ ခေတ်နဲ့ ဘယ်လို အလိုက်သင့် ညီညွတ်သလဲ။ သူတို့ စိတ် ဓာတ်က ဘယ်လောက် ခွန်အားကြီးသလဲ။ သူတို့ ဘယ်လောက် အထိ အသိစိတ်ဓာတ် မြင့်မားနေသလဲ။
ဂျပန်မှာ နှစ်သုံးဆယ်လောက် အခြေချ နေထိုင်ခဲ့တဲ့ ဦးဦး ကျော်က သူ ဖြတ်သန်းခဲ့ရတဲ့ ဂျပန်တွေရဲ့ လူမှုဘဝအဖုံဖုံ၊ စီးပွား ရေးစနစ်အမျိုးမျိုး၊ နိုင်ငံရေး၊ ကြီးပွားရေး၊ စက်မှုလက်မှု ကိစ်္စ အ၀၀ကို ခြေခြေမြစ်မြစ် ရေးထားတဲ့ စာအုပ် ၂၀၁၈ စက်တင်ဘာ မှာ ထွက်လာတယ်။ အားတက်စရာကောင်းတဲ့ ဆောင်းပါး အပုဒ် ၃၀ ပါတယ်။ ပြည်သူ့အရေးဂျာနယ်ထဲမှာ အပတ်စဉ်လိုလို ဖော် ပြခဲ့တယ်။ အခု စာအုပ်အဖြစ် စုစည်းထားတာ။
ဂျပန်မှာ နှစ် ၃၀ နေလာတဲ့ ဗမာတစ်ယောက်က ဂျပန်ကို သုံးသပ်ထားတာတွေ၊ ထောင့်စေ့အောင် ချဉ်းကပ်ထားတာတွေ၊ ကိုရွှေဂျပန် ဘာလဲ ဘယ်လဲပေါ့ဗျာ။ သူ့ဆီက ကောင်းတာတွေ ကိုယ်ယူသုံးနိုင်အောင် လမ်းစဖော်ပေးထားတာ။ အဲဒီစာအုပ် ကာဗာမှာ ရေးထားတဲ့ “ဂျပန်နိုင်ငံ၏ လက်ရှိ အောင်မြင် ဖြစ် ထွန်းနေသည့် စနစ်ကျသော လုပ်ဆောင်မှုများနှင့် လက်ရှိ မြန်မာနိုင်ငံ၏ စနစ်မကျသော လုပ်ဆောင်မှုများအား နှိုင်းယှဉ် တင်ပြထားသည့် စေတနာစာစုများ” ကို ဖတ်မိရင် စာရေးသူ ဦးဦးကျော်ရဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်လောက်ပါတယ်။
ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်ကို ခေါင်းတထောင်ထောင်နဲ့ က်္ဘာ့အလယ်မှာ ထည်ထည်ဝါဝါ ဖြစ်စေချင်တဲ့ စိတ်က အပီ အပြင်ပေါ့။ ကိုယ်တိုင်မြင်တွေ့ ခံစားရသမျှ ပေါ့ဆဆ သဘော မဟုတ်ဘဲ စေ့စေ့စပ်စပ် ချဉ်းကပ် စူးစမ်းထားတဲ့အကြောင်းခြင်း ရာတွေမို့ ဖတ်သမျှ မှတ်စရာနဲ့ ကျင့်သုံးစရာတွေချည်းပါပဲ။ ပီမိုး နင်းခေတ်က အစပြုခဲ့တဲ့ “တက်ကျမ်း” တွေဟာ တစ်ဦးတစ် ယောက်ချင်းအတွက် ဦးတည်ခဲ့ပေမယ့် အခု ဦးဦးကျော်ရဲ့ စာအုပ်ကတော့ နိုင်ငံ့တက်ကျမ်း၊ တိုင်းပြည်တက်ကျမ်း၊ ဗမာ တစ်မျိုးသားလုံးအတွက် တက်ကျမ်းတစ်စောင်ပါပဲဗျာ။
#MawKunMagazine
ဆက်သွယ်မှာယူနိုင်စေရန်…….
OFFICE : No.121, 4th Floor, Corner or 49 Street and Anawrahta Street, Pazundaung Township, Yangon, Myanmar.
: 0931340239
: 09791663065
website: www.mawkun.com
facebook: @mawkunmagazine
mawkun.chronicle@gmail.com