ရန်ကုန်- ၂၀၂၅ မတ် ၁၇ (မော်ကွန်း)
အခြေခံပညာရဲ့နောက်ဆုံးအဆင့်စာမေးပွဲဖြစ်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲတွေကို ဒီနေ့ကစပြီး နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီပညာရေးဌာနက စစ်ဆေးနေပါပြီ။
ပြီးခဲ့တဲ့နှစ်ကစပြီး စနစ်သစ်ပြောင်းထားတဲ့ ဒီတက္ကသိုလ်ဝင်စာမေးပွဲ(GRADE-12)ကို နိုင်ငံတစ်ဝန်းမှာ ဒီနှစ်ဝင်ရောက်ဖြေဆိုသူကျောင်းသား နှစ်သိန်းဝန်းကျင်ရှိပြီး မနှစ်တုန်းကတော့ ဒီစာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ၁၂၀,၀၀၀ ကျော်သာ ရှိခဲ့တယ်လို့ စစ်ကောင်စီပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဖြေဆိုသူကျောင်းသားတွေဟာ ဒီနေ့ကစပြီး ၂၂ ရက်နေ့အထိ ဆက်တိုက်ဖြေဆိုကြရမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်မှာ ဖြေဆိုနေတဲ့ ကျောင်းသူတစ်ဦးကတော့ “ ဒီနေ့မြန်မာစာကတော့ လွယ်ပါတယ်။ ဖြေနိုင်တယ်။ မေးခွန်းခပ်လွယ်လွယ်တွေချည်းပဲ” လို့ ပြောပါတယ်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွေကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဒေသတွေမှာကျင်းပနေပေမယ့် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက တိုက်ပွဲဖြစ်ပွားတဲ့ ဒေသအများစုမှာတော့ မကျင်းပနိုင်ပါဘူး။
ရန်ကုန်မြို့ပေါ်က တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှုပုံရိပ်တစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

ပုံစာ – ရန်ကုန်မြို့တွင်းက စာစစ်ဌာနတစ်ခုရဲ့ ဒီနေ့နေ့လယ်ပိုင်းမြင်ကွင်း
ဓါတ်ပုံ -မော်ကွန်း

