ညောင်ဦး – ၂၀၂၂ ဇန်နဝါရီ ၁၈ (မော်ကွန်း)
မန္တလေးတိုင်း၊ ပုဂံညောင်ဦးမြို့က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို မြင်းခြံက တော်လှန်ရေးအဖွဲ့တစ်ဖွဲ့က လာရောက် ပစ်ခတ်သွားကြောင်း ဒေသခံက ပြောပါတယ်။
မနေ့ နေ့လယ် ၂း၁၅ နာရီခန့်က ညောင်ဦးမြို့၊ အမှတ်(၁)နယ်မြေက ခိုင်ဝါလက်ဖက်ရည်ဆိုင်ပိုင်ရှင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးဌေးလွင်ဆိုသူကိုဆိုင်ထဲထိ ဝင်ရောက်ပစ်ခတ်သွားတာလို့ ဒေသခံက ပြောပါတယ်။
ပစ်ခတ်ခံရသူဟာ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးလည်းဖြစ်ပြီး စစ်ကောင်စီသတင်းပေးလို့လူသိများသူဖြစ်ကြောင်း၊ လာရောက်ပစ်ခတ်သွားသူတွေဟာ ဆိုင်အတွင်းမှာ “လုပ်ချင်တာလုပ်၊ ဒလံတော့မလုပ်ကြနဲ့” လို့ကြွေးကြော်သွားပြီး သေနတ်ပစ်ဖောက်သတိပေးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ အုပ်ချုပ်ရေးမှုး ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးပါဘူး။
ဒီပစ်ခတ်မှုကို မြင်းခြံနယ်က Myingyan Twenty -One Guerilla Force(MTGF)နဲ့ OGRE Forceအဖွဲ့တို့ ပူးပေါင်းရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့တွေက အသိပေးထားပါတယ်။
#Dailynews

