ရန်ကုန် – ၂၀၂၄ ဩဂုတ် ၃၀ (မော်ကွန်း)
စစ်ကောင်စီက ဆန်ဈေးကို သတ်မှတ်ထားတဲ့ဈေးထက် တင်ရောင်းတယ်ဆိုကာ ရန်ကုန်က ဆန်ကုန်စည်ဒိုင်တွေမှာ အရောင်းအဝယ်လုပ်နေတဲ့ ကုန်သည် ၁၀ ဦးထက်မနည်းကို အခုရက်ပိုင်းမှာ ဖမ်းဆီးလိုက်တယ်လို့ ဆန်ကုန်သည်တချို့က ပြောပါတယ်။
အခုလ ၂၇ ရက်မှာ ကုန်စည်ဒိုင်တစ်ခုနဲ့တစ်ခု ဆန်အရောင်းအဝယ်လုပ်နေတဲ့ ကုန်သည်ပွဲစားတွေ ကုန်စည်ဒိုင်အပြင်ဘက်မှာ အရောင်းအဝယ်လုပ်နေတဲ့အချိန် ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။
“စပါးကုန်သည်၊ ဆန်ကုန်သည်တွေပေါ့၊ ဆန်အသင်းကလူတွေတော့မဟုတ်ဘူး။ ကုန်စည်ဒိုင်ထဲမှာ ဈေးကစားတဲ့သူတွေပေါ့။ ဒီကုန်စည်ဒိုင်က ယူသွားပြီး ဘုရင့်နောင်ဘက်တို့ဘာတို့မှာ ပြန်ဖြန့်တဲ့သူတွေ။ ဖမ်းပြီးရင်တော့ ညှိမှာပေါ့။ ပိုက်ဆံညှိမယ်။ ပြီးရင်တော့ ပြန်လွှတ်မှာပါ” လို့ ၎င်း ဆန်ကုန်သည်က ပြောပါတယ်။
ပြီးခဲ့တဲ့လပိုင်းကလည်း စစ်ကောင်စီဟာ သူတို့သတ်မှတ်ဈေးထက် ပိုတင်ရောင်းတယ်ဆိုကာ လက်လီအရောင်းဆိုင်ဖြစ်တဲ့ Aeon Orange ရဲ့ အမှုဆောင်ချုပ် ဂျပန်နိုင်ငံသားတစ်ဦးအပါအဝင် ဆန်စပါးလုပ်ငန်းရှင်ခုနစ်ဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။
အခုလ ဒုတိယအပတ်မှာတော့ အဲဒီဂျပန်နိုင်ငံသားအပါအဝင် ဖမ်းဆီးထားတဲ့ ဆန်ကုန်သည်တွေကို ပြန်လွှတ်ပေးခဲ့တာပါ။
“ဆန်ကုန်သည်ကြီးတွေလည်း ညှိပြီးတော့ပြန်လွှတ်လိုက်တဲ့သဘောပါပဲ။ ခံဝန်လိုမျိုးတော့ ထိုးရတယ်။ ငွေလည်းပေးရမှာပေါ့။ အခုတော့ သူတို့ဘာသာ ကုန်စည်ဒိုင်မှာအလုပ်တွေတော့ ပြန်လုပ်နေပြီ” လို့ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ မြင့်တက်နေတဲ့ဆန်ဈေးကို ထိန်းချုပ်ဖို့ဆိုကာ ဆန်ဈေးသတ်မှတ်ရည်ညွှန်းဈေးတွေကို ပြီးခဲ့တဲ့လပိုင်းက ထုတ်ပြန်ခဲ့ပြီး ဆန်ကြမ်းအုပ်စုတွေအတွက် တစ်အိတ်ကို ကျပ် ၆၈,၀၀၀ ကနေ တစ်သိန်းခန့်နဲ့ ဧရာဝတီပေါ်ဆန်းဆန် တစ်အိတ်ကို ကျပ် ၁၂၀,၀၀၀ ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ်ကို ကျပ် ၁၄၅,၀၀၀ ထက် ဈေးတင်မရောင်းဖို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက အခုလို ထုတ်ပြန်ထားပေမယ့် ပြင်ပမှာတော့ အဲဒီဈေးနှုန်းတွေထက် တစ်အိတ်ကို ကျပ် တစ်သောင်းခွဲက သုံးသောင်းခန့်ထိ ဈေးကွာဟပြီး ရောင်းချနေတယ်လို့ ဆန်လက်လီလက်ကား ရောင်းချသူတချို့ဆီက သိရပါတယ်။
ပုံစာ – ဆန်လက်လီလက်ကားဆိုင်ရဲ့မြင်ကွင်း
ဓာတ်ပုံ – ရောင်နီ
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

