ဆားလင်းကြီး – ၂၀၂၃ ဇွန် ၁၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်မြောက်ရွာက ပြည်သူ ၁၃ ဦးကို အာဏာသိမ်းစစ်တပ်က အခုလ ၆ ရက်မှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီကနေ့မှာတော့ ပြန်လည်လွတ်မြောက်လာကြပါတယ်။
အခုလ ၆ ရက် နံနက် ၆း၀၀ နာရီလောက်က မိုးကြိုးပြင်အလယ်ရွာနဲ့တောင်ရွာမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ မိုးကြိုးပြင်မြောက်ရွာကနေ စစ်ရှောင်နေကြတဲ့ တောထဲက ပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးသွားခဲ့ကြတာပါ။
ဖမ်းသွားချိန်ကစလို့ လွတ်လာတဲ့အထိ “စစ်သားတွေရဲ့ ခဲယမ်း၊ ရိက္ခာတွေကို သယ်ပေးခဲ့ရတယ်”လို့ လွတ်မြောက်လာသူတွေကပြောပါတယ်။
အဖမ်းခံရသူတွေဟာ ကျော်ရွာက တစ်ဦး၊ မိုးကြိုးပြင်တောင်ရွာက တစ်ဦးနဲ့ မိုးကြိုးပြင်မြောက်ရွာကတစ်ဦးတို့ဖြစ်ပါတယ်။
လတ်တလော ဆားလင်းကြီးမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့အကြား စစ်ရေးတင်းမာနေပါတယ်။
မနေ့က ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းမှာ အထိုင်ချနေတဲ့ စစ်သားတွေကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်လို့ အထိနာပြီး လေကြောင်းစစ်ကူတွေနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အပြင် မုံရွာကနေ စစ်ကူတွေ၊ လက်နက်ကြီးပစ်ကူတွေပါ လာခဲ့ရပါတယ်။
အဲဒီကနေ ဒီကနေ့ထိ ညောင်ပင်ကြီးရွာနဲ့ အနီးတဝိုက်တွေကို စစ်သားတွေက မီးရှို့ကြပြီး ဒေသခံပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
#Dailynews

