ကျော်ဇေယျ
အောက်တိုဘာ-၂၂
မြန်မာနိုင်ငံဟာ ပွင့်လင်းမှုနဲ့ယှဉ်ပြိုင်မှုမရှိတဲ့ ပုဂ္ဂိုလ်ရေးပတ်သက်ဆက်နွယ်မှုတွေနဲ့ လုပ်ကိုင်ခဲ့တဲ့ စီးပွားရေးပုံစံကနေ ပွင့်လင်းမြင်သာပြီး စည်းမျဉ်းဥပဒေတွေကို အခြေခံတဲ့ စီးပွားရေးပုံစံကို အသွင်းကူးပြောင်းနေပြီလို့ ဂျပန်ဧကရာဇ်နန်းတက်ပွဲကို တက်ရောက်ဖို့ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည့်က ရင်းနှီးမြုပ်နှံသူတွေကို အသိပေးပါတယ်။
“ အသွင်းကူးပြောင်းမှုလုပ်ငန်းစဉ်ဟာ မလွယ်ကူပေမယ့် မိမိတို့အနေနဲ့ အောင်မြင်မှုရရှိလိုပါက အားလုံးဝိုင်းဝန်း ကြိုးပမ်း အားထုတ်သွားကြဖို့လည်း လိုအပ်ပါတယ်” လို့ တိုကျိုမှာ ကျင်းပတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲမှာ ရင်းနှီးမြုပ်နှံသူတွေကို ပြောပါတယ်။
ဒါအပြင် ဂျပန်နိုင်ငံရဲ့ နာမည်ကြီးကုမ္ပဏီကြီးတွေဖြစ်တဲ့ တိုယိုတာ၊ဆူဇူကီး၊ယာကူယူတို(Yakult)နဲ့ အခြား နာမည်ကြီး ကုမ္ပဏီတွေ မြန်မာနိုင်ငံ၊ သီလဝါအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြုပ်နှံနေတာကိုကြည့်ခြင်းအားဖြင့် မိမိတို့အစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ် စီးပွားရေးလုပ်ငန်းတွေရဲ့ ယုံကြည်မှုရှိနေတာကို ပြသနေတယ်လို့လည်း ဒေါ်အောင် ဆန်းစုကြည်က ပြောတယ်။
အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ တွက်ချက်မှုတွေအရ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ တိုးတက်လျှက်ရှိပြီး အာဆီယံ ဒေသတွင်းနိုင်ငံတွေထဲ တတိယမြောက်စီးပွားရေးတိုးတက်မှုအမြန်ဆုံးနိုင်ငံဖြစ်တယ်လို့လည်း သူက ရင်းနှီးမြှပ်နှံသူတွေကို ဆိုပါတယ်။
ဥပဒေလုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ပြီး မြန်မာ့စီးပွားရေးကဏ္ဍမှာ ရင်းနှီးမြုပ်နှံနေတဲ့ နိုင်ငံခြားစီးပွားရေးလုပ်ငန်း တွေကို ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်မှုပေးနေပြီဖြစ်သလို ဒီအထဲမှာလည်း ဂျပန်စီးပွားရေးလုပ်ငန်းတွေစုတွေ ပါဝင်နေပြီဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
လက်ရှိဆိုရင်လည်း ဂျပန်ကုမ္ပဏီတွေနဲ့ အခြားစီးပွားရေးလုပ်ငန်းတွေ အထူးမျက်စိကျလျှက်ရှိတဲ့ သီလဝါ အထူးစီး ပွားရေးဇုန်မှာ ရင်းနှီးမြုပ်နှံလာကြတဲ့ ပမာဏဟာ ဒီနှစ် ၂၀၁၉၊ စက်တင်ဘာလအထိ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ နီးပါးအထိ တိုးမြင့်လာခဲ့ပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေကို အသိပေးပါတယ်။
#mawkun #magazine #chronicle #dailynews