၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ Analysis ဖြစ်ပါသည်။
ဒေါက်တာစိုးခိုင် ရေးသည်။
မကြာမီကမှ ကမ္ဘာ့ကင်ဆာရောဂါနေ့ ပြီးဆုံးသွားပါတယ်။ ဒီကနေ့အချိန်မှာ ကင်ဆာရောဂါ တိုးပွားလာနေရတဲ့ အကြောင်း ရင်းထဲမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို စားသုံးမိကြတဲ့ အကြောင်းရင်းဟာ အဓိက ပါဝင်နေတာ တွေ့ရှိ ရပါတယ်။ ဒါကြောင့် အစားအစာ လုံခြုံစိတ်ချဘေးကင်းရေး (Food Safety) ဟာ နိုင်ငံတော်က အစ ပြည်သူတွေအကြား အာရုံပြု အလေးထားရမယ့် အကြောင်းအရာ ဖြစ်လာပါတယ်။
ဒီကနေ့မှာ အများပြည်သူရဲ့ ကျန်းမာရေးအတွက် Food Safety အပါအဝင် ပြည်သူလူထုအနေနဲ့ ဘေးရန်ကင်းရှင်း လုံ ခြုံပြီး ကျန်းမာရေးနဲ့ ညီညွတ်သလို အာဟာရပြည့်ဝတဲ့ အစား အစာတွေ Safe,Nutritions and Healthy Foods and Drinks ကို စားသုံးပြီး ကျန်းမာကြံ့ခိုင် ညဏ်ရည်ဖွံ့ဖြိုးစေဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်မှာ အမျိုးသား အစားအစာနှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲမှု ဦးစီးဌာန (Food and Drug Administration-FDA) နဲ့ စားသုံးသူ ကာကွယ်ရေးဦးစီး ဌာနဆိုတဲ့ နိုင်ငံတော်အစိုးရက ဖွဲ့စည်းတာဝန်ပေးထားတဲ့ တရား ဝင်အာဏာလုပ်ပိုင်ခွင့်ရ အဖွဲ့အစည်းနှစ်ခု ရှိနေပါတယ်။ အဲဒီ နိုင်ငံတော်ကိုယ်စားပြု အဖွဲ့အစည်းနှစ်ခုရဲ့ လုပ်ဆောင်ချက်တွေ ကိုလည်း သတင်းမီဒီယာတွေမှာ မကြာခဏ တွေ့ရှိနေရပါတယ်။
အဲဒီလို ပြည်သူလူထုရဲ့ ကျန်းမာရေးနဲ့ အစားအစာ ဘေး အန္တရာယ်ကင်းရှင်းရေးကို တာဝန်ခံ လုပ်ဆောင်နေရတဲ့ အဖွဲ့ အစည်းတွေဟာ ပြည်သူလူထုနဲ့ အချိန်မရွေး ထိတွေ့ဆက်ဆံနိုင် ဖို့နဲ့ ပြည်သူလူထုကလည်း မိမိတို့ ကြုံတွေ့နေရတဲ့ အခက်အခဲ တွေ၊ သိရှိလိုတဲ့ အချက်အလက်တွေကို အမြဲ လိုအပ်တဲ့ သတင်း အချက်အလက် ရရှိနိုင်ဖို့ ဆက်ဆံရေးလမ်းကြောင်းတစ်ခု ရှိသင့် နေပါတယ်။ အဲဒါကတော့ သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်း တွေရဲ့ ဝက်ဘ်ဆိုက်၊ အခါအားလျော်စွာ ကျင်းပပြုလုပ်တဲ့ လူထုနဲ့ တွေ့ဆုံဆွေးနွေးပွဲ၊ လုပ်ငန်းရှင်များနှင့် ပြည်သူများအတွက် ပြု လုပ်ပေးတဲ့ ဟောပြောပွဲ၊ Workshop၊ Forum၊ Seminar တွေ ပဲ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ နာမည်ကျော် စားသုံးသူ ကာ ကွယ်ရေးအဖွဲ့အစည်းတွေ ဖြစ်တဲ့ USDA (United States Department of Agriculture) ၊FSIS (Food Safety Inspection Services) ၊ အစိုးရအဖွဲ့အစည်း မဟုတ်တဲ့ Food and Water Watch လို NGO ၊ ပုဂ္ဂလိက ပညာပေးအစီအစဉ် တွေ ဖြစ်တဲ့ Health Line, Food Babe, Dr. Josep Mercola တို့ဟာ မိမိတို့ အဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံ၊ လုပ်ဆောင် ချက်၊ သုတေသန လေ့လာတွေ့ရှိမှုတို့ကို စားသုံးသူ ပြည်သူ အများသိရှိအောင် ဝက်ဘ်ဆိုက်နဲ့ ဖေ့စ်ဘွတ်ခ်၊ Twitter Account, Ablut us, Who we are (ပါဝင်သူများရဲ့ ကိုယ်ရေး ရာဇဝင် အပြည့်အစုံ)၊What we do ၊Research and found out စတဲ့ အချက်တွေ ပါဝင်တဲ့ အင်တာနက်စာမျက်နှာ လွှင့်တင် ပြီး ပြည်သူလူထုနဲ့ အမြဲ ထိတွေ့နေအောင် လုပ်ဆောင်ကြပါတယ်။ တစ်ခါ ပြည်သူလူထုအနေနဲ့ သိချင်တာ မေးလို့ရအောင်၊ အချက် အလက်တွေ ပေးပို့လို့ရအောင် Hot line ၊ E-mail ၊ Contact us ဆိုတဲ့ စာမျက်နှာ၊ ဖုန်းနံပါတ်နဲ့ ဆက်သွယ်နိုင်ဖို့ လိပ်စာတွေ ဖော်ပြကြပါတယ်။
သီးခြားအကြောင်းအရာတွေကို တိတိကျကျ ဖြေကြား ပေးနိုင်ဖို့ Ask Expert ဆိုပြီး ကျွမ်းကျင်သူပညာရှင် တစ်ဦးက နေ အမေးအဖြေကဏ္ဍ စာမျက်နှာလည်း ဖွင့်ပေးထားပါတယ်။ အခါအားလျော်စွာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ စားသုံးသူ ကိုယ်စားပြု အဖွဲ့အစည်းတွေနဲ့ ပြည်သူကိုယ်စားပြုအဖွဲ့အစည်း တွေ၊ တက္ကသိုလ်တွေကို လာရောက် လေ့လာခွင့်ပြုပြီး ဆွေးနွေး ခန်းထဲမှာပဲ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပြီး သိရှိလိုသည် ကို ဖြေကြားပေးတာ၊ အချက်အလက်တွေ ဖလှယ်တာ၊ ပညာရှင် ချင်း အမြင်နဲ့ အတွေ့အကြုံတွေ ဆက်စပ် ဆွေးနွေးကြပြီး ရလဒ် တွေကို ဖေ့စ်ဘွတ်ခ် သို့မဟုတ် ဝက်ဘ်ဆိုက်စာမျက်နှာမှာ ဖော် ပြတာတွေ ပြုလုပ်ကြပါတယ်။
အဲဒီ လုပ်ဆောင်ချက်တွေဟာ စားသုံးသူ ပြည်သူလူထုကို များစွာ အကျိုးပြုပြီး မသမာသူ လုပ်ငန်းရှင်တွေကိုလည်း ထိထိ ရောက်ရောက် ဟန့်တားနိုင်ရုံမက ရိုးသားစွာ စားသောက်ကုန် ထုတ်လုပ်လိုပေမယ့် နည်းပညာ၊ ဗဟုသုတနဲ့ ဥပဒေအချက် အလက်တွေကို ပြည့်စုံသေချာစွာ မသိကြတဲ့ လုပ်ငန်းရှင်တွေကို လည်း များစွာ အကျိုးပြုတာကို တွေ့ရှိရပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံတော်မှာ နိုင်ငံတော်အစိုးရက တရား ဝင် ဖွဲ့စည်းပေးထားတဲ့ FDA ၊ Consumer Protection Department ၊YCDC Health Service Department တို့ ဟာလည်း အလားတူ ပြည်သူလူထုနဲ့ ထိတွေ့နိုင်တဲ့ လူမှုကွန်ရက် စာမျက်နှာများ၊Hot Line ဆက်သွယ်ရေးလမ်းကြောင်းများကို လည်း ဖွင့်ထားသင့်ပါကြောင်း အကြံပြု တိုက်တွန်းလိုပါတယ်။