စဉ့်ကူး – ၂၀၂၃ အောက်တိုဘာ ၁၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ စဥ့်ကူးမြို့နယ် မြစ်ကမ်းဘေးက သဲအင်း ကြက်တူရွေး၊ မြစ်ကမ်းကြီးနဲ့ဟင်္သာမရွာတွေကို အာဏာသိမ်းစစ်တပ်က ဒီနေ့မနက် ၉:၀၀ အချိန်ခန့်ကစတင်ပြီး မီးရှို့ခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ “မနေ့က မန္တလေးဘက်ကနေ သံခွန်မော်တော်တစ်စီး၊ သံခွန်မော်တော်အသေးတစ်စီး၊အမြန်ရေယာဥ်အသေးတစ်စီးနဲ့ ဆန်တက်လာပြီး ကြက်တူရွေးရယ်၊ သဲအင်းရယ်ကိုကပ်ပြီး မီးရှို့တာပါ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ရွာတွေကို ဒီနေ့နေ့ခင်း ၁၂း၀၀ နာရီအချိန်ထိ မီးရှို့ခဲ့ပြီး နေ့ခင်း ၁း၀၀ နာရီလောက်မှာ စစ်ကြောင်းဟာ ပြန်ထွက်သွားတယ်လို့ ဒေသခံကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ရေလမ်းကနေ ဝင်ရောက်လာတာကို ဒေသခံတွေ ကြိုမသိလိုက်ဘဲ ဒီနေ့မနက်မှ စတင်ထွက်ပြေးကြရကာ မြေပြင်အခြေနေကိုအတိအကျမသိရသေးပါဘူး။
” အရင်ရှို့ခံရတဲ့ရွာတွေကိုထပ်ရှို့တာ၊ ဘာကြောင့်ဆိုတာတော့မသိရသေးဘူး၊ ရွာတွေက ခုနစ်ရွာလောက်ပြေးနေရတယ်၊ ဒီဘက်မှာ အဖွဲ့အစည်းတွေရှိတယ်ဆိုပြီးလာရှို့တာ၊ ဟိုလိုတိုက်ပွဲရယ်လို့မရှိဘူး”လို့ ဝက်လက်မြို့နယ် ဗိုလ်ကျားကြီးအဖွဲ့ခေါင်းဆောင်၊ ဗိုလ်ကျားကြီးကပြောပါတယ်။
Data For Myanmar ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းစကနေ ၂၀၂၃ ဇူလိုင်လကုန်အထိ အာဏာသိမ်းစစ်တပ်မီးရှို့လို့ ပျက်စီးသွားရတဲ့ လူနေအိမ်တွေဟာ အနည်းဆုံး ၅,၇၅၀၀ ကျော်ရှိနေပါတယ်။
ပုံစာ – မီးရှို့ခံနေရတဲ့ ကြက်တူရွေးရွာ
ဓာတ်ပုံ – ဗိုလ်ကျားကြီး

