ဓါတ်ပုံ – TTAJ
တိုကျို – ၂၀၂၁ ဇွန် ၁၉ (မော်ကွန်း)
အမျိုးသမီးတွေအပေါ် စစ်အုပ်စုလက်အောက်ခံတပ်တွေရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ကမ္ဘာကသိရှိစေဖို့ တရားမျှတမှုရှိစေဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနရဲ့ ညွှန်ကြားမှုနဲ့ ဒီကနေ့ တိုကျိုမြို့မှာ မြန်မာနိုင်ငံသားတွေဟာ ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ခဲ့ကြောင်း ဒီပွဲမှာ ပါဝင်ခဲ့တဲ့ TTAJ အဖွဲ့က သတင်းပေးပို့ပါတယ်။
ဆန္ဒထုတ်ဖော်ပွဲရဲ့ ဆောင်ပုဒ်ကတော့ “လိင်အကြမ်းဖက်ချက်ချင်းရပ် မုဒိမ်းစစ်တပ်အမြစ်ဖြတ်” ဖြစ်ပါတယ်။
တိုကျိုမြို့မှာရှိတဲ့ UN တက္ကသိုလ်ရှေ့မှစတင်ပြီး လူစည်ကားရာshibuyaမြို့ကို လှည့်ပတ်ချီတက် လမ်းလျှောက်ခဲ့ကာ UN တက္ကသိုလ်ရှေ့မှာပဲ အဆုံးသတ်ခဲ့ပါတယ်။
#Dailynews

