ဓါတ်ပုံ-Simulation & CJ
မန္တလေး – ၂၀၂၁ ဇွန် ၂၅ (မော်ကွန်း)
မန္တလေးမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ PDF အဖွဲ့တွေ အပြန်အလှန်ပစ်ခတ်မှု့တွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်တပ်က နေရာအနှံ့လှည့်လည်နေကြပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေကတော့ နေ့စဥ်လမ်းပေါ်ထွက် ဆန္ဒပြနေကြပါတယ်။
ဒီကနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ် ပညာရေးကျောင်းပေါင်းစုံသပိတ်စစ်ကြောင်းဟာ စစ်ကောင်စီတပ်တွေက လက်နက်တွေနဲ့ လှည့်လည်နေတဲ့ကြားကနေ မြို့တွင်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဒါ့အပြင် ကျောင်းသားလူငယ်တွေရဲ့ မန္တလာတက္ကသိုလ်ကျောင်းသား/သူများသပိတ်စစ်ကြောင်းကလည်း မန္တလေးမြို့တွင်းမှာပဲ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း လှည့်လည် ဆန္ဒ ဖော်ထုတ်ခဲ့ကြပါတယ်။
မန္တလေးမြို့သစ်ပိုင်းဖြစ်တဲ့ ချမ်းမြသာစည်မြို့နယ်၊ ၁၁၄ လမ်း ၊ ၅၉A လမ်းမှာ ဒီကနေ့ ဇွန်လ၂၅ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီကို ကူညီပေးနေတဲ့ အမျိုးသားတစ်ဦး ပစ်ခတ်ခံခဲ့ရတဲ့အတွက် စစ်ကောင်စီတပ်တွေဟာ မြို့သစ်ဘက်ခြမ်းတွေမှာ အင်အားအများအပြားနဲ့ ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Dailynews

