ကလေးမြို့ – ၂၀၂၂ နိုဝင်ဘာ ၁၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ပင်မသပိတ်အင်အားစုနဲ့အတူ ဒေသခံပြည်သူများစွာဟာ ဒီကနေ့ညမှာ ၆၄၅ ရက်မြောက်သပိတ်ကို လမ်းမပေါ်တက်ကာ ဆီမီးတွေ၊ မီးတုတ်တွေကိုင်စွဲပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
၁၀၂ နှစ်ပြည့်အမျိုးသားအောင်ပွဲနေ့ အကြိုလူထုလှုပ်ရှားမှုအနေနဲ့ ဒေသခံပြည်သူတွေဟာ “စစ်ပုံကျကျပြင်ဆင်၊ ဖက်စစ်တပ်ကို အမြစ်ဖြတ်” သပိတ်ခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
ဓာတ်ပုံ – CJ
#Dailynews

