ကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၁ (မော်ကွန်း)
တိုင်းပြည်ကို စစ်တပ်က အာဏာသိမ်းသည့် တစ်နှစ်ပြည့် ယနေ့တွင် ပြုလုပ်မည့် အသံတိတ်သပိတ်အချိန်မတိုင်မီတွင် ကလေးမြို့ပင်မသပိတ်က လမ်းမပေါ်ချီတက် ဆန္ဒပြခဲ့ကြသည်။
ဒီမိုကရေစီစနစ်တွင် ပြည်သူက ရွေးချယ်တင်မြှောက်သည့် အစိုးရကို ဖမ်းဆီးကာ အာဏာသိမ်းပြီး အုပ်ချုပ်ချင်သော စစ်တပ်သည် ယနေ့ တစ်နှစ်ပြည့်သော်လည်း မအောင်မြင်သေးဘဲ ထောင်ချီသော ပြည်သူများအား သတ်ဖြတ်ထားသည်။
ကလေးမြို့ပင်မသပိတ်သည်လည်း ပျက်ရက်မရှိဘဲ လမ်းပေါ် ချီတက်ဆန္ဒထုတ်ဖော်ခဲ့သည်မှာ ၃၆၀ ရက်ရှိလာပြီဖြစ်သည်။
ဓာတ်ပုံ – CJ
#Dailynews

