စစ်ကိုင်း – ၂၀၂၂ မတ် ၁၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ ဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်)မှာ CDM ပြုလုပ်ထားတဲ့ ဝန်ထမ်းတွေကို လိုင်းခန်းတွေကနေ အာဏာသိမ်းစစ်တပ်က နှင်ထုတ်လိုက်တာကြောင့် နေစရာအခက်အခဲတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က မြန်မာ့မီးရထား ဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်)က CDM လုပ်ထားတဲ့ဝန်ထမ်းတွေကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၀ရက်နေ့နောက်ဆုံးထားပြီး ထွက်ခွာဖို့ နှိပ်ကွပ်ခဲ့တာပါ။
မနေ့ကတော့ အာဏာသိမ်းစစ်တပ်ဟာ CDM ပြုလုပ်ထားတဲ့ ဝန်ထမ်းတွေရဲ့နေအိမ်၊ လိုင်းခန်း၊ အိမ်ခန်းတွေကို သော့ခတ်သွားကြောင်း ဒေသခံက ပြောပါတယ်။
“တချို့တွေဆို အပြင်မှာနေစရာလုံးဝမရှိဘူး။ တော်တော်ဒုက္ခရောက်နေတယ်” လို့ စစ်ကိုင်းဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ CDM ပြုလုပ်ထားတဲ့ ရွာထောင်ဒီဇယ်မီးရထားဝန်ထမ်းတွေကို ဖိအားတွေအမျိုးမျိုးပေးခဲ့ပေမယ့် ဝန်ထမ်းတွေဟာ CDMဆက်လက်ပြုလုပ်ခဲ့ကြပြီး စစ်ကောင်စီက နှင်ချချိန်မှာတော့ နေစရာအခက်အခဲတွေကြုံတွေ့နေရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကိုင်းမြို့ ဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်)မှာ CDM မှာပြုလုပ်တဲ့ မီးရထားဝန်ထမ်း ၃၀၀ ကျော်ရှိပါတယ်။
CDM ပြုလုပ်သူ ကြီးကြပ်ရေးဝန်ထမ်း ၂၉ဦးနဲ့အခြားအဆင့် ၂၇၄ဦး ရှိပြီး ၎င်းတို့ကို အာဏာသိမ်းစစ်တပ်ဘက်က ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့မှာ တာဝန်ကနေ ရပ်ဆိုင်းခဲ့ပါတယ်။
#Dailynews

