စစ်ကိုင်း – ၂၀၂၂ ဖေဖော်ဝါရီ ၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်က ပျူစောထီးခေါင်းဆောင်တစ်ဦး တူမီးနဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူဟာ စစ်ကိုင်းမြို့နယ်၊ သာဇင်ကျေးရွာနဲ့ အိုင်းဓမ္မကျေးရွာကြားမှာ ညောင်ပင်ရှည်ရွာက ပျူစောထီးခေါင်းဆောင်ဇော်ဝင်းဆိုသူဖြစ်ပြီး ဒီကနေ့ မနက် ၈:၀၀ နာရီလောက်က ပစ်သတ်ခံရတာဖြစ်ပါတယ်။
သူဟာ PDFတွေကို စုံစမ်းပြီး လူသတ်၊ မီးရှိူ့နေတဲ့ စစ်ကောင်စီထံ သတင်းပေးတာတွေ၊ ပျူစောထီးစုဆောင်းတာတွေ ပြုလုပ်နေတာကြောင့် အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD)ကနေ တူမီးသေနတ်နဲ့ သုံးချက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
စစ်ကိုင်းမြို့နယ်ဟာ ယခင်နှစ်ကုန်ပိုင်းကစပြီး စစ်ကောင်စီသတင်းပေးတွေရှင်းလင်းခံရတာတွေ၊ စစ်ကောင်စီရဲ့ကားတွေ တိုက်ခိုက်ခံရတာတွေ ဖြစ်ပွားလာခဲ့ကာ အုပ်ချုပ်ရေးမှုးတွေလည်း ဆက်တိုက်နှုတ်ထွက်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Dailynews

