၂၀၂၁ နိုဝင်ဘာ ၂၂ (မော်ကွန်း)
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကနေ ဒီကနေ့ စတင်ရောင်းချလိုက်တဲ့ ငွေတိုက်စာချုပ်တွေဟာ ရောင်းချပြီးချင်း နှစ်နာရီအတွင်းမှာ အမေရိကန်ဒေါ်လာ နှစ်သန်းရရှိထားကြောင်း NUG ရဲ့ မီဒီယာကနေ ကြေညာပါတယ်။
အတိုးမဲ့ သက်တမ်း နှစ်နှစ် ရှိမယ့် ဒီငွေတိုက်စာချုပ်တွေကို ဖယ်ဒရယ်ဒီမိုကရေစီစနစ်လိုလားတဲ့ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်စနစ်ကျဆုံးသွားစေဖို့ ဝယ်ယူပေးကြဖို့ NUG က တောင်းဆိုထားပါတယ်။
အမေရိကန်ဒေါ်လာ တစ်ရာ ၊ ငါးရာ၊ တစ်ထောင်နဲ့ ငါးထောင်တန် ငွေတိုက်စာချုပ်တွေကို ရောင်းချနေတာဖြစ်ပြီး သက်တမ်းကာလပြည့်မှသာ ရောင်းချ၊ လွှဲပြောင်းမှုတွေကို စည်းကမ်းချက်တွေနဲ့အညီ လုပ်ကိုင်ခွင့်ရှိမယ်လို့ NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ကြေညာထားပါတယ်။
NUG ရဲ့ အထူးငွေတိုက်စာချုပ် အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ မှာ ပထမအကြိမ် ဒေါ်လာ သန်း ၂၀၀ ဖိုးကို ဒီကနေ့ စတင်ရောင်းချတာဖြစ်ပါတယ်။
#Dailynews

