မန္တလေး – ၂၀၂၁ အောက်တိုဘာ ၂၈ (မော်ကွန်း)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီးရုံးဟာ မနေ့ညက ဖောက်ခွဲခံရကြောင်း မြို့ခံတွေက ပြောပါတယ်။
အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက် ညနေပိုင်းကတည်းက ချိပ်ပိတ်ခံထားရတဲ့ မန္တလေးမြို့ ၆၂လမ်းက NLD တိုင်းရုံးကို မနေ့ည ၁၁:၀၀ အချိန်ခန့်က ကားနှစ်စီး၊ အင်အားရှစ်ဦးလောက်နဲ့ ဝင်ရောက်သွားတယ်လို့ NLD ပါတီဝင်တစ်ဦးကပြောပါတယ်။
ည ၁၂:၀၀ နာရီ မှာတော့ သုံးလွှာနဲ့လေးလွှာမှာ ပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ သူကဆိုပါတယ်။
မန္တလေးမှာ စစ်ကောင်စီရဲ့ ညမထွက်ရကန့်သတ်မှုက ၁၀:၀၀ နာရီမှာစတင်တယ်ဆိုပေမယ့် ည ၇:၀၀နာရီနောက်ပိုင်း အသွားအလာမရှိသလောက် နည်းပါးကာပေါက်ကွဲမှုဟာလည်း ညမထွက်ရအချိန်အတွင်း ဖြစ်ပွားခဲ့တာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။
မနေ့မနက်ပိုင်းက မန္တလေးမြို့မှာ က.ည.နပေါက်ကွဲမှု၊ ညနေပိုင်းတွေမှာ ကမ္ဘောဇဘဏ်နဲ့ ATMစက်အများအပြားပေါက်ကွဲမှု၊ လွှတ်တော်ရုံးရှေ့အပါအဝင် နေရာစုံပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး ညသန်းခေါင်မှာတော့ NLDတိုင်းရုံး ဖောက်ခွဲခံလိုက်ရပါတယ်။
ဓါတ်ပုံ-AS
#Dailynews

