စစ်ကိုင်းတိုင်း-၂၀၂၂ ဒီဇင်ဘာ ၃၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာတစ်ဖက်ကမ်း ချင်းတွင်းမြစ်အနောက်ဘက်တကြောက စစ်ဘေးရှောင်တွေအတွက် အရေးပေါ်ဆေးဝါးတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။
“လောလောဆယ်ကတော့ လိုင်းပေါ်မှာတင်ထားတာတွေထက်ကို အခြေအနေကဆိုးနေတယ်။
အဓိကလိုတာတော့ ဆေးဝါးနဲ့ကုသရေးပေါ့။ ဥပမာလက်ဓားရှရင်တောင်မှ ကုစရာမရှိဘူး။ ဆေးကုပေးမယ့်သူကရှိတယ်။ လမ်းကြောင်းကအစစ်ဆေးကြပ်တော့ နီးစပ်ရာကနေ ဆေးမှောင်ခိုသယ်ရတာပေါ့။ နီးစပ်ရာဝယ်တော့ ဈေးက နှစ်ဆပေးရတယ်၊ ဒါပေမယ့် လိုတဲ့ဆေးလည်းမရဘူး” လို့ ၎င်းကပြောပါတယ်။
စစ်ဘေးရှောင်တွေအတွက် ဆေးဝါးအပြင် ရိက္ခာ၊ အနွေးထည်နဲ့ စောင်တွေကအစ ပို့ဆောင်ရာမှာလည်း လမ်းခရီးမှာအစစ်ဆေးကြပ်ပြီး အဖမ်းခံရတာတွေများတာကြောင့် ကူညီဖို့ခက်နေတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတွေဆီက သိရပါတယ်။
စစ်ကိုင်းတိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက ရွာတွေမီးရှို့ဖျက်ဆီးတာ၊ လေကြောင်းကတိုက်ခိုက်တာတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်အရေအတွက်ဟာ ခြောက်သိန်းကျော်အထိရှိလာပြီလို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့ နိုဝင်ဘာ ၁ ရက် အထိ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပုံ – စစ်ကိုင်းတိုင်းအတွင်းကစစ်ဘေးရှောင်များ
Photo – RSG
#Dailynews

