ယင်းမာပင် – ၂၀၂၂ နိုဝင်ဘာ ၂၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ကြားကာလကျန်းမာရေးအစီအစဉ်အနေနဲ့ အာဏာဖီဆန်ကျန်းမာရေးဝန်ထမ်းတွေက ဒေသတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဝိုင်းဝန်းမှုနဲ့အတူ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်နေပါတယ်။
ဒီကနေ့မှာတော့ ယင်းမာပင်မြို့နယ်ထဲက စာသင်ကျောင်းတစ်ကျောင်းမှာ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်အဖွဲ့ဝင်တွေနဲ့ အာဏာဖီဆန်ကျန်းမာရေးဝန်ထမ်းတွေက ကျောင်းသားတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြပါတယ်။
တစ်ကိုယ်ရည်သန့်ရှင်းရေး၊ သန်ချဆေးတိုက်ကျွေးခြင်း၊ ရာသီတုပ်ကွေးဖျားနာမှုတွေ စတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးခဲ့ကြပါတယ်။
ဒီလို ဒေသတော်လှန်ရေးအင်အားစုတွေက ကျောင်းကျန်းမာရေးစောင့်ရှောက်မှုပေးနေတာဟာ ကျောင်း ၁၀ ကျောင်းမြောက်ရှိလာခဲ့ပြီလို့ ရွာပေါင်းစုံသပိတ်ဆီကသိရပါတယ်။
ကြားကာလကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့ ငွေကြေးအင်အားလိုအပ်နေကြောင်း ဦးဆောင်သူတွေကပြောပါတယ်။
ဓာတ်ပုံ – CJ
#Dailynews

