ဆားလင်းကြီး – ၂၀၂၃ ဇွန် ၁၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာက ဒေသခံပြည်သူတစ်ဦးကို အာဏာသိမ်းစစ်တပ်က ဒီနေ့ပစ်သတ်လိုက်ကြပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ပစ်သတ်ခံလိုက်ရသူဟာ မီးမလောင်သေးဘဲ ကျန်နေတဲ့အိမ်တွေက ပစ္စည်းတွေကို ပြည်သူတွေ အမြန်သယ်ထုတ်နေချိန် ကင်းစောင့်ပေးနေတဲ့သူလို့သိရပါတယ်။
“ကျန်တဲ့အိမ်တွေက ပစ္စည်းတွေ ပြည်သူတွေသယ်ယူဖို့ကင်းစောင်ရင်း ရွာထိပ်မှာ စခတွေနဲ့ ထိပ်တိုက်တွေ့ပြီး အပစ်ခံရတာ၊ ခုညအချိန်ထိ အလောင်းမကောက်ရဲသေးဘူး”လို့ ဒေသခံကပြောပါတယ်။
ပစ်သတ်ခံရသူအပြင် ပစ္စည်းသယ်တဲ့ ဒေသခံသုံးဦးလည်း လက်နက်ကြီးထိမှန်တာကြောင့် ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဇွန် ၁၀ ရက်ကစလို့ ဒီနေ့အထိ ညောင်ပင်ကြီးရွာကို မီးဆက်တိုက်ရှို့နေတာဖြစ်ပြီး နေအိမ် ၅၀၀ ဝန်းကျင် မီးလောင်ကျွမ်းပြီးသွားပြီလို့ ဒေသခံတွေဆီကသိရပါတယ်။
ပုံစာ – ယနေ့မီးရှို့ခံနေရသည့် ညောင်ပင်ကြီးရွာ
ဓါတ်ပုံ – အညာပစ်တိုင်းထောင်လေးများ
#Dailynews

