၂ဝ၁၈ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၇) မှ ကဗျာဖြစ်ပါသည်။
ကျဆုံးလေပြီးသောပင်လယ်
ဟိုမှာ ဟိုငနဲတွေတောင်
အရင်ကလို စစ်တိုက်တမ်း မကစားကြတော့ဘဲ
ညနေခင်းကို စူပါမားကက်ထဲ ရွှေ့ထားစဉ်။
ဒီမှာ ဒီလိုအရာမျိုးဟာ
သေနတ်ပြောင်းဝက ထွက်ဖို့ မလိုအပ်တော့ဘဲ
အိတ်ကပ်ထဲက ထွက်ရုံနဲ့ပင် လုံလောက်ပြီတဲ့။
လူရှုပ်ရှုပ် လက်ဖက်ရည်ဆိုင်ထဲ
အဆိပ်မီးခိုးငွေ့နဲ့ အတည်မဟုတ်တွေ စုပ်ယူဖွာရှိုက်
တစ်မိုးသားလုံး မှောင်မည်းနေလိုက်တာလေ။
လေတယ်၊ မဝင်းပတဲ့ လေထဲ
လေနေသူတွေ ပျော်ပျော်ကြီး ဆက်လေကြစေဖို့
‘လှပမွှေးရီတဲ့ မ္ဆိာပန်းတွေ ပွင့်ကြစို့’ ဆိုပဲ။
ဘယ်လို ကြိုလင့်ကြမှာလဲ
မလိုချင်ဘဲ ရလာတဲ့ သန္ဓေသားလို တားမနိုင် ဆီးမရ
မကောင်းဆိုးရွား ဘက်တီးရီးယားတွေ ခုန်ပေါက်နေပုံ။
‘ငြိမ်းချမ်းရေးဟာ မြုပ်လိုက် နစ်လိုက်’
ဝမ်းနည်းစွာ တလှိုက်လှိုက် ဟာသရွှန်းရပေမယ့်
ဖွာလန်ြ<ွကပ်ရွနေတဲ့ အမှုတွဲကို ပြန်ကြည့်လိုက်တော့။
စနစ်တကျ ရေလိုက်လွဲခဲ့ကြ
အသည်းတွေ ကွဲနေတဲ့ ကြားက အပျင်းပြေ ထထဆဲခဲ့ကြ
အခုတော့ ဘဝ ဘက်ထရီတွေက အနီရောင်သင်္ကေတနဲ့။
လောကဓံတရားဟာ
ရှစ်ပါးမကလည်း မမှုတဲ့ သူ၊ အခု သူ မှုနေတာက
လူ့အဖွဲ့အစည်းတစ်ခု ချောက်ထဲ ကျပြီး လက်တစ်လုံးအလွန်။
လောကအမွန်ရယ်၊ သံမဏိနှင်းဆီရယ်
လရောင်ထဲက ဒုန်းစိုင်းဆဲ မြင်းရိုင်းတွေရယ်
ပြီးတော့ ဝံပုလွေ လာဆင်ရယ်ပေါ့ ဒီဇာတ်လမ်းထဲ။
မချစ်သော်လည်း အောင့်ကာ နမ်းခဲ့ပါတယ်
မက်မက်စက်စက် အနာဂတ်ကို လွမ်းသူများအသင်း
မကန်ခင်က ရှုံးနှင့်ပြီလား သူငယ်ချင်း။
(၂၈.၆.၂ဝ၁၈)