ကော့ကရိတ် – ၂၀၂၄ အောက်တိုဘာ ၂၈ (မော်ကွန်း)
ကေအဲန်ယူ-တပ်မဟာ ၆၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်မှာ အခုလ ၂၆ ရက်က အချုပ်ထောင်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး ထောင်မှူးသေဆုံးသွားတယ်လို့ ဒေသခံကပြောပါတယ်။
အချုပ်ထောင်မှာ ဒေသအခေါ် မြင်းဆေး/မူးယစ်ဆေးဝါးအမှုနဲ့ဖမ်းထားတဲ့ အကျဉ်းသားတွေဟာ ထောင်အရာရှိကို သေနတ်နဲ့ပြန်လည်ပစ်ခတ်ပြီး သူတို့ဆီက ဖမ်းဆီးထားတဲ့ မူးယစ်ဆေးဝါးတွေ၊ ငွေတွေအပါအဝင် လက်နက်ငယ်တွေပါ ယူဆောင်ပြီး ထွက်ပြေးသွားတာပါ။
“သူတို့က ထောင်ဆိုပေမယ့် ထောင်လိုမထားပါဘူး၊ ဒီလိုပဲ နေကြတာ၊ ထောင်မှူးနဲ့ လေးယောက်တစ်ယောက်ဖြစ်သွားပုံရတယ်၊ ထောင်မှူးကတော့ ဆုံးသွားတယ်”လို့ အချုပ်ထောင်အနီးမှာနေထိုင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
ပစ်ခတ်သွားသူတွေထဲက အကျဉ်းသားတွေဟာ တချိန်က ကေအဲန်ယူစစ်သားဟောင်းတွေဖြစ်ခဲ့ဖူးပြီး လက်နက်ပစ်ခတ်မှုနဲ့ တိုက်ခိုက်ရေးကို ကျွမ်းကျင်တယ်လို့ ဒေသခံတွေက ကြားသိရကြောင်းပြောပါတယ်။
“ဒီအလုပ်လုပ်မှတော့ ရဲတင်းလို့လုပ်တာ၊ ခုဆို ထောင်နားမှာတင် တခါတည်းရှင်းတယ်ဆိုတာ ဘယ်လောက်မိထားမှန်းမသိတာ”လို့ ဒေသခံကပြောပါတယ်။
နယ်မြေသတင်းတွေအရတော့ အခင်းဖြစ်တဲ့နေ့ကစလို့ ကေအဲန်ယူဘက်က တရားခံတွေကို ဖမ်းမိဖို့ကြိုးစားနေပြီး ဖမ်းဆီးနိုင်ခြင်းရှိမရှိကိုတော့ မသိရသေးပါဘူး။
အခုဖြစ်ပွားတဲ့ အချုပ်ထောင်ဟာ ကေအဲန်ယူ-ရဲတပ်ဖွဲ့အောက်ကဖြစ်ကာ ကော့ကရိတ်မြို့နယ်၊ ကေအဲန်ယူ-ရဲတပ်ဖွဲ့မှာ တပ်ဖွဲ့ဝင်အင်အားဟာ နည်းပါးနေပြီး ယခင်ကလို ဂိတ်ချစစ်ဆေးနိုင်ခြင်းလည်းမရှိတော့ပါဘူး။
ကေအဲန်ယူ-ကော့ကရိတ်မြို့နယ်အောက်က ကျိုက်ဒုံမြို့မှာလည်း မြို့လုံခြုံရေးအတွက် ကေအဲန်ယူကပေးပို့ထားတဲ့ ရဲတပ်ဖွဲ့ဝင်အင်အားဟာ အင်မတန်နည်းနေတယ်လို့ မြို့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ကေအဲန်ယူ-ကော့ကရိတ်နယ်မြေထဲမှာပဲ ပြီးခဲ့တဲ့ လအနည်းငယ်က ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေ လက်နက်နဲ့အတူ ထွက်ပြေးသွားတာမျိုးရှိခဲ့သလို တချို့ကိုလည်း ကျုံဒိုးနယ်ဘက်မှာ ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပါတယ်။
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

