ကေအဲန်ယူ ထိပ်သီးခေါင်းဆောင်ဖြစ်ခဲ့သူ နော်စီဖိုးရာစိန်ကွယ်လွန်

ကေအဲန်ယူ ထိပ်သီးခေါင်းဆောင်ဖြစ်ခဲ့သူ နော်စီဖိုးရာစိန်ကွယ်လွန်

ကော်သူးလေ – ၂၀၂၄ ဇူလိုင် ၂၄ (မော်ကွန်း)

ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ ထိပ်သီးခေါင်းဆောင်ဖြစ်ခဲ့ဖူးတဲ့ နော်စီဖိုးရာစိန် ကွယ်လွန်သွားပြီဖြစ်တယ်လို့ ကေအဲန်ယူပြောခွင့်ရ ပဒိုစောတောနီးက မော်ကွန်းကိုအတည်ပြုပါတယ်။

မော်ကွန်းက လတ်တလော သိရတဲ့သတင်းတွေအရတော့ နော်စီဖိုးရာစိန်ဟာ ထိုင်းနိုင်ငံနေအိမ်မှာ ကင်ဆာရောဂါနဲ့ကွယ်လွန်သွားတာဖြစ်ပါတယ်။

နော်စီဖိုးရာစိန်ဟာ ကေအဲန်ယူ ဥက္ကဌလည်းဖြစ်၊ စစ်ဦးစီးချုပ်လည်းဖြစ်ခဲ့ဖူးသူ ဗိုလ်ချုပ်ကြီးစောတာမလာပေါရဲ့ သမီးလည်းဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးစောတာမလာပေါကတော့ ၂၀၁၄ က ထိုင်းနိုင်ငံ၊ မဲ့ဆရီယန်းမြို့‌‌နေအိမ်မှာ အသက် ၉၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။

သမီးဖြစ်သူ နော်စီဖိုးရာစိန်ကတော့ ၁၉၅၅ မှာ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၉ နှစ်ဝန်းကျင်ရှိပါတယ်။

နော်စီဖိုးရာစိန်ဟာ ကေအဲန်ယူ ဒုတိယဥက္ကဌဖြစ်ခဲ့သလို အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်ခဲ့ပါတယ်။

သူ ကေအဲန်ယူ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်စဉ်အချိန် ၂၀၁၂ မှာ ဦးသိန်းစိန်အစိုးရနဲ့ ပြည်ထောင်စုအဆင့်အပစ်ရပ်လက်မှတ်လည်း ရေးထိုးခဲ့ပါတယ်။

နောက်ပိုင်းမှာ KNU Concerned Group ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်လာပြီး အာဏာသိမ်းချိန်မှာ NUG အဖွဲ့ကို ထောက်ခံအားပေးမယ်လို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။

ပုံစာ – နော်စီဖိုးရာစိန်

ဓါတ်ပုံ – နော်စီဖိုးရာစိန်၏ Facebook စာမျက်နှာ

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."