၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကိုးလအတွင်း တရားမဝင်သစ်တန် လေးသောင်းကျော် ဖမ်းဆီးရမိပြီး ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် အများ ဆုံးဖမ်းဆီးရမိသည်ဟု သစ်တော ဦးစီးဌာနကထုတ်ပြန်သည်။ အောက်တိုဘာမှ ဇွန်လကုန် အထိ တန် ၄၁,၀၀၀ ကျော် ဖမ်းဆီးရမိရာ ကယားပြည်နယ်၌ တန်၁၁,၀၀၀ ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် တန်ချိန် ၇,၇၀၀ ကျော်၊ သစ်ထုတ်လုပ်မှု ၁၀ နှစ်ရပ်နားထားသည့် ပဲခူးတိုင်းဒေသကြီး၌ တန် ၄,၅၀၀ ကျော် ဖမ်းမိ ခဲ့သည်။ ထို့အပြင် တရားမဝင်သစ်ခိုး ထုတ်မှုနှင့်ဆက်စပ် တရားခံ ၃,၆၇၀ဦးကို ဖမ်းဆီးအရေးယူခဲ့ပြီး ယာဉ်ယန္တရား ၂,၄၀၂ စီး၊ ချိန်းဆော ၂၈၇ စီးတို့ သိမ်းဆည်းရ မိသည်။ ဖမ်းဆီးရမိသည့် သစ်များတွင် ကျွန်း၊ တမလန်းနှင့် ပိ…