ကိုယ်စားလှယ် ၁၅၂ ဦးဖြင့် ပြည်သူ့ပါတီ ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်မည်

ကိုယ်စားလှယ် ၁၅၂ ဦးဖြင့် ပြည်သူ့ပါတီ ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်မည်

စည်သူ
ရန်ကုန်- ၂၀၂၀ ဩဂုတ် ၄ (မော်ကွန်း)

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးဦးဆောင်တဲ့ ပြည်သူ့ပါတီ အနေနဲ့ လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၅၂ ဦးနဲ့ ဝင်ပြိုင်မယ်လို့ ပါတီ အောင်နိုင်ရေးအဖွဲ့၊ စီမံခန့်ခွဲရေးမှူး ဦးကျော်လင်းက ပြောပါတယ်။

ပါတီ ဥက္ကဌဦးကိုကိုကြီးက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမဲဆန္ဒနယ်က ဝင်ပြိုင်မှာဖြစ်ပြီ အတွင်းရေးမှူး ဦးရဲနိုင်အောင်ကတော့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ကမာရွတ်မဲဆန္ဒနယ်(၂)က ဝင်ရောက်ယှဉ်ပြိုင်မှာလို့ ဦးကျော်လင်းက ပြောပါတယ်။

ဦးကိုကိုကြီးအနေနဲ့ NLD ပါတီက ဦးသက်နိုင်စိုးနဲ့ တောင်ဥက္ကလာပမဲဆန္ဒနယ်မှာ ယှဥ် ပြိုင်ရမှာဖြစ်ပါတယ်။

ဒီကိုယ်စားလှယ်လောင်း ၁၅၂ ဦးအနေနဲ့ ရခိုင်၊ကချင်နဲ့ ကယားပြည်နယ်သုံးခုကလွဲရင် ကျန်ဒေသတွေက ရွေးချယ်ထားတဲ့ မဲဆန္ဒနယ်တွေမှာ အသီးသီးဝင်ပြိုင်ဖို့ ရှိတယ်လို့ စီမံခန့်ခွဲရေးမှူး ဦးကျော်လင်းက ပြောပါတယ်။

ပြည်သူ့ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲကျမှ ပထမဆုံး ရွေးကောက်ပွဲဝင်မယ့် ပါတီတစ်ခုလည်း ဖြစ်ပါတယ်။


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."