ရန်ကုန် – ၂၀၂၃ ဩဂုတ် ၃၁ (မော်ကွန်း)
အခုလို ဝါခေါင်လမှာ ကရင်တိုင်းရင်းသားတွေဟာ သူတို့ရဲ့ရိုးရာယုံကြည်မှုဓလေ့တစ်ခုဖြစ်တဲ့ ချည်ဖြူဖွဲ့မင်္ဂလာ(လက်ချည်ပွဲ) ကို ကျင်းပကြပါတယ်။
မြန်မာနိုင်ငံအောက်ပိုင်းဒေသအနှံ့မှာ ပျံ့နှံ့နေထိုင်ကြတဲ့ ကရင်တိုင်းရင်းသားတွေဟာ ဒီမင်္ဂလာအခမ်းအနားကို မကောင်းဆိုးဝါးတွေရန်က ဘေးကင်းဖို့၊ နေအိမ်နဲ့မိသားစုအပေါ် အဖျက်အ မှောက်နဲ့ မိစ္ဆာတွေရန်ကကင်းဝေးဖို့ ယုံကြည်ချက်နဲ့ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းထိန်းသိမ်း လာခဲ့ကြတာလို့ ရိုးရာပွဲကျင်းပတဲ့ ကရင်လူကြီးတွေက ရှင်းပြပါတယ်။
ဒီနေ့အခမ်းအနားကို လှိုင်မြို့နယ်က ဘုံသာကျောင်းမှာ ကျင်းပခဲ့တာဖြစ်ပြီ ဆရာတော်နဲ့ ကရင်လူကြီးတွေ လက်ချည်ပွဲကိုပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။
ပြည်တွင်းစစ်ဒဏ်ကို အလူးအလဲခံရတဲ့ တိုင်းရင်းသားတွေထဲမှာပါဝင်တဲ့ကရင်တွေဟာ နိုင်ငံရပ်ခြားတိုင်းပြည်တွေကို တိမ်းရှောင်ခဲ့ကြရသလို ရောက်တဲ့အရပ်မှာလည်း ရိုးရာဓလေ့ဖြစ်တဲ့ ဝါခေါင်လလက်ချည်ပွဲကို ကရင်လူငယ်တွေထံ လက်ဆင့်ကမ်းထိန်းသိမ်းနေတာပဲ ဖြစ်ပါတယ်။
ပုံစာ_ ယနေ့ကျင်းပသည့် လက်ချည်ပွဲ မြင်ကွင်းများ။
ဓါတ်ပုံ- မော်ကွန်း
#Dailynews

