ကမ္ဘာ့အံ့ဖွယ်နိုင်ငံများ

ကမ္ဘာ့အံ့ဖွယ်နိုင်ငံများ
၂ဝ၁၈၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄)မှ Satire ဖြစ်ပါသည်။

ရန်လိုကျွဲရေးသည်

အင်္ဂါဂြိုဟ်သို့ရောက်နေသော ရန်လိုကျွဲ ကမ္ဘာမြေသို့ ပြန်ရတော့မည်။ မပြန်ခင် အင်္ဂါဂြိုဟ်အစိုးရအဖွဲ့ အကြံပေးအရာရှိ များနှင့် စကားဝိုင်းဖွဲ့ဖြစ်သည်။ စကားဝိုင်း ဆိုသော်လည်း သူတို့က ရန်လိုကျွဲကို ဝိုင်း ပြီး အင်တာဗျူးကြခြင်း ဖြစ်၏။

မေးမြန်းသည့် အကြောင်းအရာမှာစုံလင်လှ၏။ အမျိုးသား တို့၏ ဖက်ရှင်ပုံစံမှအစ အစိုးရအဖွဲ့ပုံစံများအဆုံး မေးမြန်းကြ၏။

““အမျိုးသားတွေက သူတို့ခေါင်းကို တစ်ခုခုနဲ့ အုပ်ထား တတ်ကြတယ်။ အဲဒါက ဘာသဘောလဲ””

ဂြိုဟ်သားတစ်ယောက်က စပ်စု၏။

ထိုအရာတို့ကို ဦးထုပ်ဟု ခေါ်ကြကြောင်း၊ ဦးခေါင်းကို ထုပ်ပိုးထားသော အရာဖြစ်ကြောင်း၊ ယခင်က က်္ဘာကြီး အအေး ဓာတ်ကဲသောကြောင့် အအေးဒဏ် သက်သာစေရန် ဦးထုပ် ဆောင်းကြခြင်း ဖြစ်ကြောင်း၊ ယခု က်္ဘာကြီး ပူနွေးလာသော် လည်း ဦးထုပ်ဖက်ရှင် ပျောက်ကွယ်မသွားသေးကြောင်း ရန်လို ကျွဲ ရှင်းပြရ၏။

နိုင်ငံတချို့ရှိ လွှတ်တော်များတွင် ဦးထုပ်ကို မဖြစ်မနေ ဆောင်းရသည့် စည်းကမ်းချက် ရှိကြောင်း၊ ဆံပင်အရောင်ကို ဖုံးကွယ်လိုသူများနှင့် ထိပ်ပြောင်သည်ကို လူမြင်မခံလိုသူများက ထိုစည်းကမ်းချက်ကို အကြီးအကျယ် သဘောကျကြကြောင်း ပြောပြရာ ဂြိုဟ်သားတို့ အထူး အံ့သြကြလေသည်။

ဂြိုဟ်သား နောက်တစ်ကောင်က ကတ်သီးကတ်သတ် မေးမြန်း၏။

““မေးလက်စနဲ့ ဆက်မေးရဦးမယ်၊ အမျိုးသားတွေ လည် ပင်းမှာ စည်းထားကြတာက ဘာလဲ။ ရန်ဖြစ်တဲ့အခါ ဆွဲထိုးရ လွယ်အောင် တပ်ထားကြတာလား””

ယင်းအရာကို လည်စည်း သို့မဟုတ် နက်ကတိုင်ဟု ခေါ် ကြကြောင်း၊ အအေးဒဏ်ကို အန်တုရန် ဝတ်စားဆင်ယင်ခဲ့ခြင်း ဖြစ်သော်လည်း က်္ဘာကြီး ပူနွေးလာသည့် ယနေ့ခေတ်တိုင် ဆက်လက် ဆင်မြန်းနေကြကြောင်း၊ ထိုသို့ ဆင်မြန်းရခြင်းကို ဝန်ထုပ်ဝန်ပိုးဟု ယူဆလာသူများ ရှိသကဲ့သို့ လည်စည်း အရောင် မျိုးစုံ ဆောင်ထားပြီး ထည်လဲဝတ်စား အလှဆင်သူလည်း အများအပြားရှိကြောင်း ပြောပြလိုက်ရာ ဂြိုဟ်သားတို့ အံ့သြကြ လေသည်။

““ဟိုက်…ရှာလပတ်ရည်။ မြေက်္ဘာပေါ်မှာလည်း အံ့သြ စရာတွေ အများသားပါလားကွ။ က်္ဘာပေါ်က နိုင်ငံတွေထဲမှာ ဘယ်နိုင်ငံက အံ့သြစရာ အများဆုံးလဲ၊ အဲဒီနိုင်ငံကို ငါတို့ သွား လည်ကြမယ်ကွာ””

ပရိသတ်က တောင်းဆိုလာသဖြင့် ရန်လိုကျွဲလည်း အံ့သြ ဖွယ် နိုင်ငံတချို့အကြောင်း အောက်ပါအတိုင်း ဖောက်သည်ချရ လေသတည်း။

 

တောင်နှင့် မြောက် ကင်မ်ချီ

ကင်မ်ချီနိုင်ငံသည် အတွင်းအပြင် ပယောဂတို့ကြောင့် နိုင်ငံနှစ်ခြမ်းကွဲသွား၏။ တောင်ကင်မ်ချီနိုင်ငံသည် ရုပ်သံဇာတ် လမ်း အများအပြား ရိုက်ကူးပြီး က်္ဘာဖြန့်ရာ အထူး အောင်မြင် နေသည်။ ဇာတ်လမ်းထဲမှ ဝတ်စားဆင်ယင်ပုံကို နှစ်သက်ကြ သဖြင့် ပုံတူကူးကြသူ အများအပြား ရှိ၏။ ယဉ်ကျေးမှုတင်ပို့ပြီး နယ်ချဲ့သူဟု အဆိုးမြင်ခံရသည်အထိ အောင်မြင်လေ၏။ ၎င်းင်းတို့ ဒေသတွင်း ထိုသို့ အောင်မြင်သည့်နိုင်ငံ မပေါ်သေးပေ။

ဤအတောအတွင်း မြောက်ကင်မ်ချီသည်လည်း ကိုယ် ပိုင်နည်းလမ်းဖြင့် ထင်ရှားလျက်ရှိသည်။ မြောက်ကင်မ်ချီ နိုင်ငံ အနံှ့ စားနပ်ရိက်္ခာ မလုံလောက်၊ ငတ်ပြတ်နေသော်လည်း အာ ဏာပိုင်ထားသူက လက်နက်ထုတ်လုပ်၊ စမ်းသပ်ခြင်းဖြင့် ငွေ ဖြုန်းသူ ဖြစ်နေသည်။ လိင်ဆွဲဆောင်မှုအရှိဆုံး အမျိုးသားအဖြစ် သတ်မှတ်ကြောင်း အနောက်တိုင်း မီဒီယာတစ်ခုက အတည်     ပေါက်နောက်ပြောင်ရွေးချယ်မှုကိုလည်း ကြိတ်ပြီး ကျနပ် သဖြင့် မည်သို့မျှတုံ့ပြန်ခြင်းမပြုပေ။ ငတ်မွတ်မှု၊ ဖိနှိပ်မှု၊ စည်း ကမ်းတင်း ကျပ်မှုတို့ကို လေ့လာလိုပါက ဤနိုင်ငံသို့ သွား သင့်သည်။

 

အမေရိကန်

အမေရိကန်သည် လူနီများ နေထိုင်ရာ ဒေသကြီး ဖြစ်ခဲ့ သည်။ နောက်ပိုင်းတွင်  ပြည်ပမှ ဝင်ရောက် အခြေချသူ လူဖြူတို့ ကြီးစိုးလာသည်။ အစိုးရအဖွဲ့တွင် လူဖြူများသာ လွှမ်းမိုးထား သည်။ ထူးခြားသည်မှာ ပြည်ပမှ ဝင်ရောက်လာမှုကို အကြီး အကျယ် ကန့်သတ်နေသည့် နိုင်ငံဖြစ်လာခြင်းပင်။ အမေရိကန် ပြည်သူ အများအပြားက ပျော်ပျော်နေတတ်ဟန် တူသည်။ အဘယ်ကြောင့်နည်း။ ပြီးခဲ့သော သမ်္မတရွေးကောက်ပွဲတွင်  လူ ရွှင်တော်၊ လူကြမ်းတို့ကဲ့သို့ ခပ်ကြမ်းကြမ်းပြောသူကို သမ်္မတ အဖြစ် ရွေးကောက်လိုက်ကြလေသည်။ အပြောအဆို ထူးခြား သည့် သမ်္မတသစ်သည် လုပ်ငန်းရှင်ကြီးဖြစ်သည်။ သမ်္မတဖြစ်လာ ပြီးနောက်တွင် ယခင်ကကဲ့သို့ပင် အပြောအဆို ပွင့်လင်းလှသော ကြောင့် သူပြောသမျှကို သတင်းဌာနတို့က ရေးသား ရိုက်ကူး တင်ဆက်ကြသည်။ ဤသို့သော အံ့သြဖွယ်ရာ သမ်္မတမျိုးမှာ က်္ဘာပေါ်တွင် နှစ်ယောက်၊ သုံးယောက် မရှိပေ။  

 

ထိုင်း

ထိုင်းနိုင်ငံသည် ခရီးသွားတို့ ပြည့်လျှံနေသော နိုင်ငံဖြစ် သည်။ အိမ်နီးချင်းနိုင်ငံအများအပြားက ဆက်ဆံရေးညံ့သော ကြောင့် ခရီးသည်တို့က ထိုင်းကို ရွေးချယ်ကြခြင်းလည်း ဖြစ်နိုင် သည်။ ထိုင်း၏ ထူးခြားချက်များအနက် တစ်ခုမှာ စစ်အာဏာ သိမ်းမှု အများအပြား ဖြစ်ပွားရာနိုင်ငံဟူသော အချက် ဖြစ်လိမ့် မည်။ ထိုင်းသည် မမြင်ရသည့် ချောက်ကမ်းပါးပေါ်တွင် ရှိသော နိုင်ငံလည်း ဖြစ်နိုင်သည်။

တိုင်းပြည် ချောက်ထဲကျရန် လက်တစ်လုံးသာလိုသည့် အခြေအနေတွင် စစ်တပ်က မလွဲှသာ မရှောင်သာ အာဏာသိမ်းရ သည့် ထုံးစံ ရှိလေရာ ထိုင်းသည်  စစ်အာဏာသိမ်းမှု မကြာခဏ ပေါ်ပေါက်တတ်သဖြင့် ချောက်ကမ်းပါးပေါ်ကနိုင်ငံ ဖြစ်မည်မှာ သေချာလှသည်။ ယခင် စစ်အာဏာသိမ်းမှုများတွင် ပြည်သူ အများအပြား သေဆုံးကြသည်။  နောက်ဆုံးအကြိမ် အာဏာ သိမ်းရာတွင်မူ သေဆုံးမှု ဒဏ်ရာရမှု ပေါ်ပေါက်ရန် မဆိုထားဘိ၊ ပစ်ခတ်မှု တစ်စုံတစ်ရာ ပေါ်ပေါက်ခြင်းပင် မရှိပေ။ ထိုင်းသည် ဤမျှအထိ စစ်အာဏာသိမ်းရာတွင် ကျွမ်းကျင်သည့် နိုင်ငံ ဖြစ် လာလေပြီ။ စစ်အာဏာသိမ်းမှု၊ စစ်အစိုးရတို့ကို လေ့လာလိုသည် ဆိုပါက ထိုင်းသည် သေချာပေါက် သွားရောက် လည်ပတ်ရမည့် တစ်ခုတည်းသော နိုင်ငံပင်တည်း။

 

တရုတ်

နိုင်ငံတစ်ခုတွင် အုပ်ချုပ်သည့်စနစ် တစ်မျိုးသာ ရှိသည်။ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်မည်လော၊ ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်မည်လော၊ အုပ်ချုပ်သူတို့ ကြိုက်ရာ ရွေးရုံသာ။ တရုတ် နိုင်ငံသည် ထိုစနစ်နှစ်မျိုးလုံးကို တစ်ပြိုင်တည်း ကျင့်သုံးသော နိုင်ငံဖြစ်သည်။ ဗြိတိန်ထံမှ ပြန်ရသော ဟောင်ကောင်ကျွန်းကြီး တွင် ဒီမိုကရေစီစနစ်ကို ကျင့်သုံး၏။ ကျန်ဒေသများတွင်မူ အာဏာရှင်စနစ်ကို ကျင့်သုံး၏။ ထို့ကြောင့် အာဏာရှင်နိုင်ငံ ဖြစ် သည်။ က်္ဘာတွင် အသုံးများသော ၤခေနဘသသု ကိုပင် တရုတ် နိုင်ငံအတွင်း ပိတ်ပင်ထားသည်အထိ အာဏာရှင်ဆန်သည်ဟု ဆိုရမည်။ ထိုသို့ ပိတ်ပင်ထားသောကြောင့် တရုတ်နိုင်ငံသားတို့ သည် ပြည်ပရောက်ခါမှ ၤခေနဘသသု ကို လွတ်လပ်စွာ သုံးခွင့် ရှိ ကြရှာသည်။ မည်သူမဆို ၤခေနဘသသု မသုံးရပါက နေရထိုင်ရခက် သည် ဆိုလျှင် တရုတ်နိုင်ငံသို့ မသွားသင့်ဟု အကြံပေးလိုသည်။

 

ဒုက္ခသီရိ

စနစ်နှစ်မျိုးရှိသည့် နိုင်ငံအကြောင်း မိတ်ဆက်ပြီးနောက် ယခု ပြောရမည့် နိုင်ငံမှာ တစ်နိုင်ငံတည်းတွင် အစိုးရနှစ်ခု ရှိနေသည့် နိုင်ငံအကြောင်းပင်။ ထိုနိုင်ငံ၏ အမည်မှာ ဒုက်္ခသီရိ ဖြစ်လေ၏။ ဒုက်္ခသီရိအစိုးရအဖွဲ့တွင် ဝန်ကြီးတချို့ကို ပုလိပ် အဖွဲ့က တိုက်ရိုက် ခန့်အပ်သည်။ တချို့ကိုမူ သမ်္မတက တိုက်ရိုက် ခန့်အပ်သည်။ ဤသို့ဖြင့် ပုလိပ်အဖွဲ့ ဦးဆောင်သော အစိုးရ၊ သမ်္မတအဖွဲ့  ဦးဆောင် သော အစိုးရဟူသော သဘောဆောင်သည့် အံ့သြဖွယ်နိုင်ငံ ဖြစ်လာလေသည်။ အစိုးရနှစ်ခုရှိနေသည့် နိုင်ငံ တွင် အံ့အားသင့်စရာ အချက်မှာ များလှချေသည်။ လွှတ်တော် အမတ် ဖြစ်လိုသူတို့သည် မဲဆွယ်စည်းရုံး၊ ပြည်သူကို ယုံအောင် ပြောပြီးနောက် ရွေးကောက်ပွဲတွင် အနိုင်ရရှိမှ လွှတ်တော် အတွင်းသို့ ရောက်၏။ ဒုက်္ခသီရိ ပုလိပ်အဖွဲ့မှာ လွန်စွာ တန်ခိုး ထက်သောကြောင့် ပုလိပ်အများအပြားကို လွှတ်တော်သို့ အော် တိုမစ်တစ်ရောက်အောင် ပို့နိုင်စွမ်းရှိ၏။ လွှတ်တော်တွင် ပုလိပ် အဖွဲ့ ၃၅ ရာခိုင်နှုန်း အလိုအလျောက် ရှိရမည်ဟု ဥပဒေ ပြဋ္ဌာန်း ထား၏။  အစိုးရနှစ်ရပ်အောက်ရှိ ဌာနဆိုင်ရာတို့ ချိတ်ဆက်မှု အားကောင်းသည်ဟု ဆိုနိုင်သည်။ မကြာသေးခင်က သတင်း သမားတချို့ကို ထောင်ချောက်ဆင် ဖမ်းဆီးရာ ဖမ်းပြီး မိနစ်ပိုင်း အတွင်းမှာပင် ထိုသုံးယောက်ကို တရားစွဲနိုင်သည်အထိ ခြေ သွက်လက်သွက် ရှိလာကြောင်း တွေ့နိုင်သည်။ ထိုသို့ လုပ်နိုင်စွမ်း ရှိသဖြင့် ဖမ်းပြီး ၂၄ နာရီ အတွင်း တရားစွဲရမည်ဟူသော ဥပဒေ ပြဋ္ဌာန်းချက်ကို ၂၄ မိနစ်ဟု ပြင်ဆင်ဖွယ်ရှိသည်ဟု သုံးသပ် နေကြသည်။

 

နိဂုံး

အင်္ဂါဂြိုဟ်သားတို့လည်း အံ့ဖွယ်နိုင်ငံတို့အကြောင်းကို ပါးစပ်အဟောင်းသားဖြင့် နားထောင်ပြီးနောက် ရန်လိုကျွဲကို ကျေးဇူး အထူး တင်ကြလေသည်။ ရန်လိုကျွဲလည်း  ပြည်တော်ပြန် ရန် အထုပ်အပိုး ပြင်၏။

““ကဲ…ပြန်ပြီဗျို့။ တွေ့ရဆုံရတာ အင်မတန် ဝမ်းသာပါ တယ်။ ဘယ်နိုင်ငံကို သွားလည်ချင်ကြသလဲ””

ခပ်သွက်သွက်ပြောဆိုတတ်သော ဂြိုဟ်သားတစ်ယောက် က ““ဒုက်္ခသီရိကို သွားမယ်”” ဟု ဆိုလေသည်။

တစ်နိုင်ငံ အစိုးရနှစ်ခု ဟူသော အစဉ်အလာထူးကို ဆက် လက် ထိန်းသိမ်းထားသင့်ကြောင်း အစိုးရကို တိုက်တွန်း အကြံ ပြုမည်ဟုလည်း သူက ဆို၏။  

““လွှတ်တော်မှာ ပုလိပ်အဖွဲ့ ၃၅ ရာခိုင်နှုန်း ရှိရမယ် ဆိုတဲ့ အချက်က က်္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိတဲ့အတွက် သောက် ရမ်း အံ့သြဖို့ကောင်းတယ်။ ငါ့မှာ အာဏာပိုင်တွေကို အကြံပေး စရာ တစ်ခုတော့ ရှိတယ်။ အဲဒါကတော့ ၃၅ ရာခိုင်နှုန်း လုပ် မနေနဲ့၊ ၁၀၀ ရာခိုင်နှုန်း လုပ်လိုက်ပါ ဆိုတဲ့ အကြံပါ။ ဒါဆို ရွေး ကောက်ပွဲတွေ ဘာတွေ လုပ်စရာ မလိုတော့ဘူး။ နိုင်ငံလည်း အကုန်အကျ သက်သာသွားမယ်။ ရွေးကောက်ပွဲစရိတ်ကို တခြား အံ့အားသင့်စရာတွေ ပေါ်လာအောင် လုပ်တဲ့နေရာမှာ သုံးသင့် တယ်။ ဒုက်္ခသီရိကို ငါ မပျက်မကွက် အရောက်လာပါ့မယ်ကွာ””

ဂြိုဟ်သားက ရှည်ရှည်ဝေးဝေးပြောပြီး လက်ပြကာ ကျန် ရစ်ခဲ့လေသည်။

ရန်လိုကျွဲလည်း ဂြိုဟ်သားကို ပြုံးပြပြီး တာ့တာပြလိုက် သည်။ ဒုက်္ခသီရိမှာ အံ့သြစရာတွေရှိလို့ လာလည်ချင်တယ် ဆိုရင် မင်းက ငါတို့ရဲ့ အာဏာပိုင်တွေကို အကြံပေးနိုင်မလား၊ အာဏာ ပိုင်တွေကပဲ မင်းကို ရုံသွင်းပြတဲ့နည်းနဲ့ ပိုက်ဆံရှာမလားဆိုတာ ကြည့်ကြသေးတာပေါ့ကွာဟု စိတ်ထဲမှ ပြောလိုက်မိသည်။

  • #mawkun
  • #magazine
  • #chronicle



 

အမျိုးအစား - သရော်စာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."