ပိန်ချင်ယောင်ဆောင်သူများ

၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ satire  ဖြစ်ပါသည်။

ရန်လိုကျွဲရေးသည်

ခေတ်လူငယ်တချို့ အင်မတန် အပျင်း ကြီးကြသည်။  

ယနေ့ခေတ်သည် နည်းလမ်းတစ် ခုခု သိရှိလိုပါက အင်တာနက်တွင် လွယ် ကူစွာ ရှာဖွေနိုင်သောခေတ်ဖြစ်ရာ ရှာ ဖွေခြင်းမပြုဘဲ မိမိကို မေးမြန်းခြင်း ကြောင့် တချို့သောသူတို့  “အပျင်းကြီးကြ သည်” ဟု မိမိ ကောက်ချက်ချခြင်းပင်။

“၁၄ ရက်အတွင်း အရပ်ရှည်တဲ့ နည်းလမ်း ပြောပြပါ”၊ “၁၉၈၈ မှာ မြန်မာပြည်ကို ကယ်တင်တဲ့ စစ်ကောင်စီ နာမည် အပြည့်အစုံက ဘာလဲ ဆရာကျွဲရေ”ဟူသော မေးခွန်းမျိုးတွေ လည်း ကြုံဖူးသည်။

မိမိ စိတ်အညစ်ရဆုံး မေးခွန်းထဲတွင်  “ပိန်အောင် ဘယ်လို လုပ်ရမလဲ” ဟူသော မေးခွန်းဖြစ်၏။ အင်တာနက်တွင် ရှာဖွေရန် အဘယ်ကြောင့် ပျင်းရိနေရသနည်း။ ရှာမည်ဆိုပါက မိနစ် အနည်းငယ်မျှသာ ကြာနိုင်သည်မဟုတ်လော။ ဝိတ်ချခြင်း၊ ပိန် အောင်လုပ်ခြင်းတို့မှာ ပျင်းလို့မရ။ ဝီရိယ ရှိရသည်။ ကိုယ်အလေး ချိန် စိတ်ကြိုက်ဖြစ်ပြီဆိုလျှင် ထိုအနေအထား ဆက်ထိန်းထား နိုင်ရန် နေ့စဉ် ကျင့်ကြံပြုမူရမည့် လုပ်ငန်းကိုင်ငန်းတို့ ရှိလာမည်။ အပျင်းကြီးပါက ဝိတ်ပြန်တက်မည်သာ။

ဆိုလိုသည်က အပျင်းကြီးသူတို့ကို ဝိတ်ချနည်း၊ ပိန်အောင် လုပ်နည်း ပြောပြလျှင်လည်း အဟောသိကံ ဖြစ်မည်ပင်။

ပိန်ချင်ယောင်ဆောင်သူ သက်ဦးမွန်

ပိန်ချင်သည်၊ ပိန်အောင် မည်သို့ လုပ်ရမည်နည်းဟု ဆိုလာ သူများထဲတွင် မော်ကွန်းသတင်းဌာနမှ သတင်းသမား သက်ဦး မွန် ဆိုသူလည်း ပါဝင်၏။ ချိန်းဆိုထားခြင်းမရှိဘဲ မိမိ၏ ရုံးခန်းသို့ ရုတ်တရက် ရောက်လာကာ ပိန်နည်း၊ ဝိတ်ချနည်းကို ရုတ်တရက် မေးမြန်းလေသည်။

သူက သတင်းသမား ဆိုတော့ ဤမေးခွန်း ဘာကြောင့်မေး မှန်း ခန့်မှန်းရခက်သည်။

အမှန်တကယ် သိလိုသလော၊ ပညာစမ်းလိုသောကြောင့် လော၊ အင်တာနက်တွင်ရှာရန် အပျင်းကြီးနေသလော။ မေးခွန်း ၏ နောက်ကွယ်တွင် မည်သည့်လျှို့ဝှက်ချက် ရှိနေသနည်း ဆို သည်ကိုလည်း သိရန်လည်း ခက်ခဲလှသည်။ ထို့ကြောင့် သူ့ကို ပြတ်ပြတ်သားသား မေးရတော့သည်။

““မင်းက ဘာကြောင့် ပိန်ချင်တာလဲ””

““ပိန်ရင် ကျွန်တော့်ကို ကောင်မလေးတွေ ပိုပြီး ကြွေကြ မယ်လေ။  ပိုက်ဆံ ကုန်ချင် ကုန်ပလေ့စေ။ ဘယ်လောက် ကုန် မလဲ။ ပိန်ဖို့ ဘာလုပ်ရမလဲ။   အားကစားလုပ်ဖို့ ဘယ် GYM (အားကစားရုံ) ကောင်းသလဲ။ ဟဲ ဟဲ ဟဲ””

သူ၏ ရယ်သံက အသက်မပါလှပေ။ သူ အင်တာနက်သုံး သည်မှာလည်း နှစ်အတန်ကြာပြီ။ ဆိုခဲ့သလိုပင် အမှန်တကယ် ပိန်လိုပါက အင်တာနက်တွင် ရှာဖွေလျှင် သင့်လျော်သော နည်း နာကို တွေ့မည်ဖြစ်သည်။ ပိုက်ဆံ အကုန်ခံနိုင်သည်ဟုလည်း ဆိုသည်၊ ဘယ် GYM ကောင်းသလဲဟုလည်း မေးသည်။ သူ့ မေးခွန်းက ကော်ဖီမစ်လို သရီးအင်ဝမ်း ဖြစ်နေသည်။

သူ့ထံတွင် လူသိမခံလိုသည့်အချက်တော့ ရှိရမည်ဟု မိမိ ယူဆသည်။ ထို့ကြောင့် သက်ဦးမွန်ကို အလိမ်္မာသုံးကာ ပထုတ်ရ တော့သည်။

““ငါ ချိန်းထားတာ ရှိလို့ အပြင်သွားတော့မယ်။ မင်း နက် ဖြန်မှ ပြန်လာခဲ့””

သူပြန်သွားသည်နှင့် သူတို့ရုံးမှ ကျော်ဇေယျကို ဖုန်းဆက် မေးမြန်းရသည်။ ကျော်ဇေယျသည် မိမိ ချော့မေးလျှင် ရုံးအတွင်း ဖြစ်ပျက်သမျှကို ပြောပြတတ်သူတည်း။ သူနှင့်အဆင်မပြေသူ အကြောင်းဆိုလျှင် သူကပင် မိမိကို လက်ဖက်ရည်တိုက် မုန့်ကျွေး ပြီး အားတက်သရော လာပြောပြတတ်သည်။ သူတို့နှစ်ဦး အစေး မကပ်ကြောင်း မိမိ သိရှိထားသဖြင့် ဤအခြေအနေကို အသုံးချရ တော့မည်။

ကျော်ဇေယျထံ ဖုန်းဆက် မေးမြန်းပြီး သိရသမျှမှာ မကြာ သေးခင်က သက်ဦးမွန် အိမ်ထောင်ကျသည်၊ သက်ဦးမွန်၏ ဝင် ငွေထွက်ငွေကို သူ့မိန်းမက ပုံမှန် စာရင်း စစ်သည်။ ပြီးခဲ့သည့်လ က ငွေအကြီးအကျယ် ကွာသဖြင့် ညားခါစလင်မယား အကြီး အကျယ် ပြဿနာ တက်ကြသည်ဟူ၏။ ရုံးမှ အယ်ဒီတာများ ငွေ လိုသဖြင့် ခဏပေးသုံးထားခြင်းဖြစ်သည်ဟု လိမ်ပြောပြီးနောက် တွင် ပြဿနာ ယာယီ ပြေလည်သွားသည် ဆို၏။

ငွေကွာသည့် အကြောင်းရင်းမှန်ကို ယနေ့အချိန်အထိ မည်သူမျှ မသိ။ ငွေကွာသည်ကတော့ အမှန်ပင်ဖြစ်ကြောင်း  အခိုင်အမာ သိရ၏။

မိမိလည်း ကွင်းဆက်များကို ဆက်စပ်ကြည့်ရာ သက်ဦးမွန် ၏ အခြေအနေအမှန်ကို တဖြည်းဖြည်း သဘောပေါက်လာ       လေသည်။

နောက်တစ်နေ့ သက်ဦးမွန်လာသည့်အခါ ရန်ကုန်ရှိ ဈေး ကြီးသော GYM တစ်ခုကို ဩန်းလိုက်သည်။ ရေနွေးစိမ်ပြီး စားရ သော ခေါက်ဆွဲခြောက်ကို ဓာတ်စာအဖြစ် စားသုံးရန်လည်း အကြံပေးလိုက်သည်။

မိမိ၏ အကြံပြုချက်ကြောင့် သက်ဦးမွန် လွန်စွာ ဝမ်းသာ သွား၏။ GYM လည်း သွားမည်၊ ခေါက်ဆွဲခြောက်လည်း စားမည် ဆို၏။

““ခေါက်ဆွဲခြောက်တော့ ပုံမှန်စားပါ။ စားတယ်၊ မစားဘူး ဆိုတာကို ငါ အလွယ်တကူ သိနိုင်တယ်။ နံရံမှာ နားတွေရော မျက်လုံးတွေရော ရှိတယ်”” ဟု သူ့ကို သတိပေးလိုက်သည်။

များမကြာမီ သက်ဦးမွန် GYM သို့ သွားပြီး ကစားနေပုံမှာ FACEBOOK တွင် ပေါ်လာ၏။ တကယ်တမ်းတော့ ဓာတ်ပုံရိုက်ပြီး FACEBOOK တင်ရန်အတွက်သာ သွားခြင်း ဖြစ်သည်။ GYM သွားခြင်းကြောင့် လစဉ် ငွေလေးသောင်း ကုန်ကျကြောင်း သက် ဦးမွန်က သူ့မိန်းမကို စာရင်းပြမည် ဖြစ်သည်။ ဤနည်းဖြင့် သူ၏ လစဉ် လိုငွေပြမှုကို အဆင်ပြေစေမည်။

သက်ဦးမွန်က ခေါက်ဆွဲခြောက်ကိုလည်း ပုံမှန် စား၏။ နံရံ မှာ နားတွေ မျက်စိတွေ ရှိတယ်ဟု မိမိ ခြိမ်းခြောက်ထားသဖြင့် စားခြင်း ဖြစ်သလို ချွေတာရေးအတွက်လည်း စားခြင်း ဖြစ်ပေ သည်။ ရုံးကို တမင်သက်သက် နောက်ကျမှ ပြန်၏။

နေ့ခင်းပိုင်း၊ ညနေပိုင်း ဗိုက်ဆာသောကြောင့် ဆိုင်တွင် ဝယ်စားရသည်ဟု သူ့မိန်းမကို လိမ်ကာ အစားအသောက် ကုန် ကျစရိတ်ပြသည်၊ စာရင်းလိမ်သည်။

ထိုသို့ စာရင်းလိမ်မှု နှစ်ခုကြောင့် သက်ဦးမွန်၏ အိမ်တွင်း ငွေစာရင်း ပြဿနာ ပြေလည်သွားလေသည်။

ဇနီးမယားနှင့် ပြေလည်သွားသည့်အပြင် သက်ဦးမွန် ကိုယ်ရည်စစ်လာသည်။ ပိန်လာသည်။ မပိန်ခံနိုင်ရိုးလား။ နေ့စဉ် နေ့တိုင်း ခေါက်ဆွဲခြောက်နှင့် နှစ်ပါးသွားရသောကြောင့် သက်ဦး မွန်မှ မပိန်လျှင် မည်သူ ပိန်မည်နည်း။

မိမိလည်း သတင်းသမား၏ အိမ်တွင်းရေး အဆင်ပြေစေ ရန် ကူညီလိုက်ရသဖြင့် များစွာ ပီတိဖြစ်မိလေသည်။

ဇေယျာလှိုင်လည်း ပိန်ချင်သည် ဆို၏

မိမိထံသို့ မော်ကွန်းမှ သတင်းသမားတစ်ဦး ထပ်ရောက် လာပြန်သည်။ ထိုသူမှာ ဇေယျာလှိုင် ဖြစ်လေ၏။ သူကလည်း ပိန် ချင်သူတည်း။

““ဆရာကျွဲရေ၊ ပိန်အောင် ဘယ်လို လုပ်ရမလဲ””

လာပြန်ပြီတစ်ယောက်ဟု ဆိုရမည်။ ပိန်နည်း နိဿရည်း ကို အင်တာနက်တွင် ရှာဖွေရန် အဘယ်ကြောင့် ပျင်းရှိနေရ သနည်း။  လွယ်ကူသည့် အလုပ်တစ်ခုအတွက် မိမိထံသို့ အဘယ် ကြောင့် တကူးတက ရောက်လာရသနည်း။ မိမိ ပြဿနာ တက် စေလိုသောကြောင့် ထောင်ချောက်ဆင်ခြင်းလော။

ထောင်ချောက်လည်း ဖြစ်နိုင်သည်။ ရန်လိုကျွဲ ပေးလိုက် သည့် အကြံအတိုင်း လုပ်ဆောင်သော်လည်း အောင်မြင်မှုမရဟု သူက သတင်းဖြန့်လိုခြင်းလည်း ဖြစ်နိုင်သည်။ သို့ဆိုလျှင် ဆရာ ကျွဲ နာမည်ပျက်ပေတော့မည်။

အသက်၊ ကိုယ်အလေးချိန်၊ နေ့စဉ် စားနေကျ အစား အသောက်များအကြောင်း သူ့ကို စာရင်းရေးခိုင်းကာ နက်ဖြန် မနက် ကိုးနာရီမှ ပြန်လာဟု နှင်လွှတ်လိုက်သည်။

ပိန်နည်းမှန်သမျှမှာ အနည်းနှင့်အများ ဒုက်္ခခံရသည် မဟုတ်လော။ လေ့ကျင့်ခန်းလုပ်ပါဟု ပြောလျှင် သူနားထောင် မည်လော။ အစားအစာ ဂရုစိုက်ပါဟု ပြောလျှင်လည်း ကိုယ့် ကွယ်ရာ သူစားချင်ရာ စားမည် မဟုတ်လော။ သူက အစားအစာ ဝါသနာကြီးသူဖြစ်သည်။ သူ့ FACEBOOK တွင် တင်သမျှ ပုံ ၆၀ ရာခိုင်နှုန်းမှာ အစားအသောက်ပုံများသာ။ ထိုသို့သောသူကို အစားအသောက် ဆင်ခြင်ရန် တိုက်တွန်းပါက ဉဏ်နည်းရာ ကျပေလိမ့်မည်။

သူ၏လာရင်းရည်ရွယ်ချက် အစစ်အမှန်ကို သိရန် ထုံးစံ အတိုင်း သူတို့ရုံးမှ ကျော်ဇေယျကိုသာ အားကိုးရပေတော့မည်။

““ဆရာကျွဲကို ထောင်ချောက်ဆင်တာ ဖြစ်ဖို့များတယ်””ဟု ကျော်ဇေယျက မှတ်ချက်ပြု၏။

““ဆရာကျွဲက နာမည်ကြီးနေတော့ သူက မနာလိုဘူးလေ။ ထောင်ချောက်ဆင်တာ သေချာပါတယ်ဗျာ။ ခုခေတ်က ထောင် ချောက်ဆင်တာတွေ ခေတ်စားနေတာ။ ဘိန်းပစ်ဖမ်းခိုင်းရတာနဲ့၊ စားသောက်ဆိုင်အထိ လှမ်းခေါ်ပြီး စောင့်ဖမ်းရတာနဲ့။ သတိ ထားနော်။ သူက အကြံဉဏ် လာတောင်းရင် ဘာမှ ပေးမနေနဲ့။ တော်ကြာ ပေးတဲ့အကြံအတိုင်း သူက လိုက်မလုပ်ဘဲ တလွဲ တချော် ဖြစ်နေရင် ဆရာကျွဲ နာမည်ပျက်နေမယ်”” ဟု ကျော် ဇေယျက ဆို၏။

မိမိလည်း ကျော်ဇေယျ၏ သတိပေးချက်ကြောင့် ကျေးဇူး တင်မိသည်။ မိမိကို မလိုမုန်းထားရှိနေသူ မနက်ဖြန် လာတော့ မည်။ ပြဿနာအများအပြားအတွက် မိမိတွင် အဖြေရှိနေတတ် သဖြင့် သူအလာကို ရုံးခန်းထဲမှသာ ထိုင်စောင့်နေရုံသာ။

နောက်တစ်နေ့ နံနက် ကိုးနာရီတိတိတွင် မောင်မင်းကြီး သား ရောက်ချလာသည်။

““ဟဲ ဟဲ…ဆရာကျွဲ၊ ကျွန်တော် အချိန် တိကျပါတယ်နော်””

မိမိလည်း သူ၏ ဝီရိယကို အထူး ချီးကျူးမိသည်။

““အချိန် တိကျပါပေတယ်။ ရည်ရွယ်ချက်တစ်ခုအတွက် ဆိုရင် ဒီလို တိတိကျကျလုပ်မှ အောင်မြင်မှာ””

““ဗျာ…ဆရာကျွဲက  ဘာရည်ရွယ်ချက်ကို ပြောတာလဲ။ ကျွန်တော့်မှာ ရည်ရွယ်ချက် ရှိတယ်လို့ စွပ်စွဲနေတာလား””

ဇေယျာလှိုင် သိသိသာသာ မျက်စိမျက်နှာ ပျက်သွားပြီး အသံလည်း မူမမှန်တော့ပေ။

““စိတ်အေးအေးထားပါ သတင်းသမားရယ်၊ ရည်ရွယ်ချက် မရှိဘဲနဲ့ ဒီကို လာပါ့မလား””

““ဆရာကျွဲ အထင်မှားနေပြီ။ ကျွန်တော့်မှာ ဘာရည်ရွယ် ချက်မှ မရှိပါဘူး””

““ဟင်… မင်းပြောတော့ ပိန်ချင်တယ်ဆို။ မနေ့ကတောင် အသက်၊ ကိုယ်အလေးချိန်တွေ ငါ့ကို ရေးပေးသွားသေးတယ်။ မင်းမှာ ပိန်ချင်တဲ့ ရည်ရွယ်ချက် မရှိဘူးလား””

ထိုသို့ ရှင်းပြလိုက်မှ မောင်မင်းကြီးသား သက်ပြင်းကြီး ကြီးချကာ ပြုံးရယ်နိုင်တော့သည်။

များမကြာမီ ဇေယျာလှိုင်သည် မိမိပေးသော အကြံပြုချက် တချို့ကို ရေးသား မှတ်သားကာ ရုံးခန်းအတွင်းမှ ထွက်သွား     လေသည်။

နိဂုံး

လအနည်းငယ်အကြာတွင် သိသိသာသာ ကိုယ်ရည်စစ် သွားသော ဇေယျာလှိုင်ကို မြို့တွင်း တစ်နေရာတွင် တွေ့ရသည်။ သူ၏ ဖြစ်ထွန်းတိုးတက်မှု အနေအထားကြောင့် များစွာ ဝမ်းသာ မိကြောင်း ပြောလိုက်သည်။

ဇေယျာလှိုင်လည်း အလိုက်သင့် ပြုံးပြကာထွက်ခွာသွား လေသည်။

သူတို့ရုံးမှ ကျော်ဇေယျက တကူးတက ဖုန်းဆက်လာသည်။

““ဆရာကျွဲ၊ ဘယ်လိုအကြံတွေ ပေးလိုက်လို့လဲ။ဇေယျာ လှိုင် ဝိတ်ကျသွားတာ သိသိသာသာပဲ””

““GYM သွားပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့ အကြံပေး လိုက်တာပါကွာ””

““ဟာ…ဆရာကျွဲက လာနောက်နေပြန်ပြီ။ သက်ဦးမွန် ရော၊ သူရော ဘယ် GYM မှာမှ မကစားဘူး။ ဈေးနှုန်း သွားစုံစမ်း၊ ဆယ်ဖီဓာတ်ပုံရိုက်ပြီး ၤခေနဘသသု ပေါ် တင်ကြတာ ကျွန်တော် သိတာပေါ့။ သူ ပိန်အောင် ဆရာကျွဲ ဘယ်လို အကြံတွေ ပေး လိုက်သလဲ အမှန်အတိုင်း ပြောပြပါ””

မိမိလည်း အမှန်အတိုင်း ပြောပြလိုက်လေသည်။

ဇေယျာလှိုင် GYM သွားမည်မဟုတ်ကြောင်း မိမိ သိပြီး ဖြစ်သည်။

သူ ရုံးအသွားအပြန်လုပ်သည့် လမ်းကြောင်းတွင် ပြေး သည့် ဘတ်စ်ကားလိုင်းကို အာဏာရှင်မိသားစုတစ်ခုက ပိုင်ဆိုင် ၏။ ယခု လူ့ပြည်တွင် မရှိတော့သည့် ထိုအာဏာရှင်သည် အဘိုး အဘွား၊ အဖေ အမေတို့ကို ကုပ်သွေး စုပ်ခဲ့သူဖြစ်ကြောင်း၊ ထို အာဏာရှင်၏ သားသမီး၊ မြေး၊ မြစ်တို့ကလည်း သွားလေသူ၏ မိုက်မဲမှားယွင်းမှုများကို ဂုဏ်ယူပြောကြားဆဲဖြစ်ကြောင်း ရှင်းပြ ရသည်။

ထိုဘတ်စ်ကားကို  မစီးဘဲ တက်္ကစီ အငှားယာဉ်သာ စီးသင့် ကြောင်း ဇေယျာလှိုင်ကို လက်ချာ အနည်းငယ် ရိုက်လိုက်မိသည်။ ဇေယျာလှိုင်သည် ထိုနေ့မှ စပြီး ရုံးတက်ရုံးဆင်းအတွက် အားကိုး စရာဖြစ်ခဲ့သော ထိုယာဉ်လိုင်းကို သေခန်းဖြတ်လိုက်လေသည်။ ရုံးသို့ ခြေကျင်သာ သွားတော့၏။

““ဇေယျာလှိုင်ကို လေ့ကျင့်ခန်းလုပ်ပါ ပြောရင် သူလုပ်မှာ မဟုတ်ဘူးလေ။ ကားငှားမယ် ဆိုလည်း နေ့တိုင်းအလုပ်ဆိုတော့ သူ ငှားမှာ မဟုတ်ဘူး။ ကားငှားတာ ပိုက်ဆံကုန်တယ် မဟုတ် လား။ လမ်းလျှောက်မယ်ဆိုတာ ငါကြိုသိတာပေါ့။ ဒါကြောင့် သူ့ကို နိုင်ငံရေး ထည့်ပေးလိုက်တာ”” ဟု သတင်းတိုက်မှ မိမိ၏ အတွင်းလူကို ရှင်းပြလိုက်သည်။

စာဖတ်သူမိတ်ဆွေ…

ဝိတ်ချလိုပါက မိမိကိုသာ ဆက်သွယ်ပါလေ။

 

#MawKunMagazine

ဆက်သွယ်မှာယူနိုင်စေရန်…….

         

OFFICE    : No.121, 4th Floor, Corner or 49 Street and Anawrahta Street, Pazundaung Township, Yangon, Myanmar.   

: 0931340239

: 09791663065

 

website: www.mawkun.com

 

facebook: @mawkunmagazine

mawkun.chronicle@gmail.com

 

အမျိုးအစား - သရော်စာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."