အရာတော် – ၂၀၂၂ အောက်တိုဘာ ၂၈ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်၊ လေကြောင်းကနေတိုက်ခိုက်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့ကချင်ပြည်နယ်၊ ဖားကန့်၊ အနန့်ပါဒေသက ပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ ဒီကနေ့ည တစ်နိုင်ငံလုံးအမှောင်အတိဖုံး၊ မီးပိတ်သပိတ်မှာ ပါဝင်ပေးကြဖို့ အရာတော်မြို့နယ်လူထုသပိတ်ကော်မတီက တောင်းဆိုထားပါတယ်။
“ကချင်မြေကို ထိတာ၊ ကချင်လူထုကို ဦးတည်တိုက်ခိုက်တာဟာ ကျွန်မတို့ အားလုံးကို ဦးတည်တာပဲ။ ဒါကြောင့် ကျွန်မတို့ရဲ့ သွေးစည်းညီညွတ်မှုကို ပြသကြမယ်။ ကချင်လူထုနှင့်အတူ ရပ်တည်တော်လှန်ကြောင်း ပြသကြမယ်” လို့ သပိတ်ကော်မတီကလှုံ့ဆော်ထားပါတယ်။
ဒီကနေ့ည ၈:၃၀ ကနေ ၈:၄၀ ထိ ၁၀ မိနစ် မီးပိတ်၊ အသံတိတ်ပြီးနောက် အကျယ်လောင်ဆုံးဟစ်ကြွေးသံတွေနဲ့ အာဏာရှင်တွေကို တုံ့ပြန်ကြဖို့၊ ကျဆုံးခဲ့တဲ့ နွေဦးတော်လှန်ရေးရဲ့ ရဲဘော်၊ ပြည်သူတွေအတွက် ဆုတောင်းပေးကြဖို့လည်း တောင်းဆိုထားပါတယ်။
ရုပ်သံ – CJ
#Dailynews

