၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ Photo Essay ဖြစ်ပါသည်။
Photo – Aung Naing Soe
ရမ်းခဲဆေးဖြတ်စခန်းကို မူးယစ်ဆေးဝါးနွံ အတွင်း မှ ပြန်လည်ရုန်းထွက်လာသူ အသက် ၄၃နှစ်အရွယ် ဦးတန်ရောက လွန်ခဲ့သည့်ရှစ်နှစ်ခန့်တွင် စတင် ထူထောင်ခဲ့သည်။ ညီအစ်ကို ငါးဦးရှိသည့်အနက် ဦး တန်ရောတစ်ဦးသာ သက်ရှိထင်ရှား ကျန်ရှိခဲ့ပြီး ကျန်သူ အားလုံးမှာမူးယစ်သားကောင်များအဖြစ် ဘဝဆုံးပါးခဲ့ကြသည်။ ဖားကန့်ကျောက်စိမ်းမြေ တွင် ရေမဆေးအလုပ်သမားအဖြစ် လုပ်ကိုင်ရင်း အသက်၁၅နှစ်အရွယ်ခန့်ကတည်းက မူးယစ် ဆေး နွံအတွင်းနစ်ခဲ့သည့် ဦးတန်ရောက ၎င်းင်းအသက်၃၀ ခန့်တွင် မြစ်ကြီးနားမြို့နယ်၊ နမ်ကျင်ရွာရှိ ၎င်းင်း၏မိဘများပိုင်ဘိုးဘွားမြေပေါ်တွင် ရမ်းခဲဆေးဖြတ် စခန်းကို စတင်ထူထောင်ခဲ့ခြင်း ဖြစ်သည်။
၎င်းင်းဆေးဖြတ်စခန်းတွင် ကချင်ပြည်နယ်နေရာ အနှံ့အပြားမှ အသက်အရွယ်စုံမူးယစ် သားကောင် များနေထိုင်လျက်ရှိသည်။ မည်သည့်ဆေးဝါးမှ အသုံးမပြုဘဲ ဘာသာရေး၊ ဂီတနှင့် အားကစား လုပ်ခြင်းဖြင့် မူးယစ်ဆေးဝါး ဖြတ်ခြင်းသည် အခြားသော ဆေးဖြတ်စခန်းများထက် ပိုမိုထူး ခြားသည့် ဝိသေသတစ်ခု ဖြစ်သည်။
UKနိုင်ငံအခြေစိုက် SAFERWORLD၏စာတမ်းအတွက်ရိုက်ကူးထားသည့်
ဓာတ်ပုံများအား ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။
#MawKunMagazine
ဆက်သွယ်မှာယူနိုင်စေရန်…….
OFFICE : No.121, 4th Floor, Corner or 49 Street and Anawrahta Street, Pazundaung Township, Yangon, Myanmar.
: 0931340239
: 09791663065
website: www.mawkun.com
facebook: @mawkunmagazine
mawkun.chronicle@gmail.com